ကိုယ်ရဲ့လက်သည်းလေးတွေက ဘယ်လိုပုံဖြစ်မှာလဲ



၀၁. ကဗျာဆန်တဲ့သူ

ရှည်တဲ့လက်သည်းလေးကို ပိုင်ဆိုင်တဲ့သူကတော့ ညာဘက်ဦးနှောက်က ပိုပြီးဖွံ့ဖြိုးတာကြောင့် အတွေးအခေါ်ကောင်းတဲ့သူတယောက်ဖြစ်မှာပါ။ဘာမဆို စနစ်တကျလုပ်တတ်တဲ့သူဖြစ်ပင်မဲ့ သဘောကောင်းသူဖြစ်တဲ့အတွက် သူတပါးရဲ့ လိမ်ညာတာကို ခံရတတ်တဲ့အတွက် အထူးသတိထားစေချင်ပါတယ်။ဘယ်ဘက်ဦးနှောက်က ဖွံ့ဖြိုးတဲ့သူနဲ့ အဆင်မပြေနိုင်ပါ။

၀၂. စိတ်မရှည်တဲ့သူ

အလျားရှည်တဲ့လက်သည်းကို ပိုင်ဆိုင်တဲ့သူကတော့ ဘယ်ဘက်ဦးနှောက်က ပိုပြီးဖွံ့ဖြိုးတာကြောင့် စကားအပြောကောင်းတဲ့သူတယောက်ဖြစ်မှာပါ။စိတ်ထဲထင်တာကို ပါးစပ်ကနေ လွတ်ခနဲ ပြောတတ်တဲ့အတွက် အမြဲတမ်း လန်းဆမ်းနေတဲ့ပုံပါ။စိတ်မရှည်တဲ့
အတွက် ချက်ချင်းစိတ်တိုတတ်တဲ့အတွက် နည်းနည်းသည်းခံဖို့တော့လိုမှာပါ။စိတ်ခံစားမှုကိုအလေးထားပြီး အလုပ်လုပ်တဲ့ညာဘက်ဦးနှောက်ကို ပိုင်ဆိုင်တဲ့သူတွေနဲ့တော့ အဆင်မပြေနိုင်ပါ။

၀၃. အေးအေးဆေဆေးနေချင်တဲ့ ငြိမ်းချမ်းရေးသမား

စက်ဝိုင်းပုံ(သို့)ဘဲဥလက်သည်းပုံ ပိုင်ဆိုင်တဲ့သူကတော့ ကိုယ်အချိန်ကို တန်ဖိုးထားပြီး အေးအေးဆေးဆေးနေချင်တဲ့သူပါ။လူမူဆက်ဆံရေးအပိုင်းမှာတော့အားလုံးနဲ့အဆင်ပြေအောင်နေတတ်ပါတယ်။ကိုယ်ပတ်ဝန်းကျင်မှာရန်ဖြစ်ရင်ပထမဆုံးဝင်ပြီးဖြေရှင်းပေးမဲ့သူပါ။အမြဲတမ်းပျော်ပျော်ရွှင်ရွှင်နေတတ်တဲ့အတွက်သူတပါးရဲ့လေးစားမူယုံကြည်မူကိုခံရပင်မဲ့တခါတလေတကိုယ်ကောင်းဆန်တတ်တဲ့အတွက်သတိထားပါ။ဘာပဲပြောပြောသူကတော့ဘယ်သူနဲ့မဆိုအဆင်ပြေအောင်နေတတ်တဲ့သူဖြစ်မှာပါ။

၀၄. ရိုးသားသောသူ

လေးထောင့်ပုံလက်သည်းကို ပိုင်ဆိုင်တဲ့သူကတော့ စိတ်ဓာတ်ကြံ့ခိုင်ပြီး အထူးသဖြင့် ယောင်္ကျားလေးတွေက များပါတယ်။ရိုးသားပင်မဲ့ ခေါင်းမာတဲ့အတွက် ပြောရခက်တဲ့သူဖြစ်မှာပါ။ခေါင်းမာတာလေးကို နည်းနည်းလျော့ရင်တော့ ပတ်ဝန်းကျင်နဲ့
အဆင်ပြေသွားမှာပါ။

၀၅.၀၆. အသေးစိတ်သော လူတော်

တြိဂံ(သို့)ပြောင်းပြန်တြိဂံလက်သည်းကို ပိုင်ဆိုင်တဲ့သူကတော့ လူတွေမမြင်တဲ့နေရာအထိ သေသေချာချာမြင်ပြီး အတွေးအခေါ်အသစ်တွေကို ပေးစွမ်းနိုင်တဲ့သူဖြစ်မှာပါ။ပြောင်းပြန်တြိဂံကို ပိုင်ဆိုင်တဲ့သူကတော့ အပြောအဆိုပိုင်းမှာတော်တဲ့သူဖြစ်မှာပါ။
ဒါပင်မဲ့ တြိဂံလက်သည်းကို ပိုင်ဆိုင်သူကတော့ အသေးစိတ်စဉ်းစားတတ်တဲ့အတွက် သူ့ပတ်ဝန်းကျင်မှာ အပြောအဆိုကြမ်းပြီးအားမနာတတ်တဲ့သူရှိရင်တော့ မနေတတ်ပါ။

၀၇. သန့်ရှင်းစင်ကြယ်သောသူ

နေကြာစေ့ပုံလက်သည်းကိုပိုင်ဆိုင်တဲ့သူကတော့အရာရာကိုသေသေချာချာစဉ်းစားပေးနိုင်တဲ့သူဖြစ်တဲ့အတွက် ပတ်ဝန်းကျင်ရဲ့ရိုသေလေးစားမူကို ခံရမှာပါ။လူတွေကို ရိုရိုသေသေ ဆက်ဆံနိုင်ပင်မဲ့ မဟုတ်မခံဆိုတဲ့စိတ်ဓာတ်လေးကရှိတဲ့အတွက်သတိထားစေချင်ပါတယ်။

၀၈. ကြိုးစားချင်စိတ်ရှိတဲ့သူ

ဓားပုံလက်သည်းကိုပိုင်ဆိုင်တဲ့သူကတော့ဇွဲရှိပြီးရည်မှန်းချက်ကိုအာင်မြင်အောင်လုပ်နိုင်တဲ့သူဖြစ်ပါတယ်။ကိုယ်ရဲ့ရည်မှန်းချက်အောင်မြင်ဖို့အတွက်ဆိုရင် ဘာမဆိုလုပ်မယ်ဆိုတဲ့အတွေးရှိပြီး ပတ်ဝန်းကျင်ကို မမြင်တော့ပဲ ဇွတ်လုပ်တဲ့အတွက် လူမုန်းတာကိုခံရတတ်ပါတယ်။

ကဲကိုယ်ရဲ့လက်သည်းလေးကတော့ ဘယ်လိုဖြစ်မလဲဆိုတာကို သေသေချာချာ အဖြေရှာပြီး အသုံးချနိုင်ပါစေလို့ ဆုတောင်းလျက်

Ref. Sport Light

ဗေဒင်ဝါသနာအိုး Page မှာ Like လုပ်ထားခြင်းဖြင့် ဗေဒင်အခမဲ့ ဖတ်နိုင်ပါပြီ
https://www.facebook.com/baydinwartanaroh

မိန်းကလေးတွေအတွက်မှဲ့ဗေဒင်



၀၁.Career Woman

၀၂.ယောင်္ကျားကောင်းနှင့်ဖူးစာဆုံနိုင်သည်

၀၃.ယောင်္ကျားကိုနိုင်သည်(အိမ်ဦးနတ်ဖြစ်နိုင်သည်။တခါတလေလည်းလျှော့ပေးပါ)

၀၄.အကြွေးဝိုင်းဝိုင်းလည်နိုင်သည်(ပိုက်ဆံသုံးတာကိုသတိထားပါ)

၀၅.ကိုယ်ပိုင်စီးပွားရေးအောင်မြင်နိုင်သည်

၀၆.လင်မယားကွဲဖို့များသည်(တယောက်နှင့်တယောက်နားလည်မူရှိဖို့လိုပါသည်)

၀၇.မကောင်းတဲ့ကိစ္စနှင့်ပတ်သက်ပြီး သူတပါးရဲ့အလိမ်ခံရတတ်သည်

၀၈.ယောင်္ကျားကိုနိုင်သည်

၀၉.ကလေးကံကောင်းသည်

၁၀.အသက်ရှည်မည်

၁၁.ဥာဏ်ကောင်းသည်

၁၂.စိတ်ထားကောင်းသည်

၁၃.မီးဘေးနှင့်ကြုံတွေ့နိုင်သည်

၁၄.လင်မယားကွဲနိုင်သည်

၁၅.ဖောက်ပြန်တတ်သည်(တယောက်တည်းဆိုရင်အားငယ်တတ်တဲ့အကျင့်ရှိတဲ့အတွက် သူငယ်ချင်းများများထားပါ)

၁၆.အညှိုးအတေးကြီးသည်(ခွင့်လွှတ်တဲ့စိတ်ကိုမွေးပါ)

၁၇.ရေဘေးနှင့်ကြုံတတ်သည်

၁၈.စိတ်အရမ်းပူတတ်သည်(ကျန်းမာရေးကိုဂရုစိုက်ပါ)

၁၉.မီးတွင်းအခက်အခဲရှိနိုင်သည်။အမွှာပူးရနိုင်သည်

၂၀.စကားအလွန်များသည်(စကားပြောဆင်ခြင်ပါ)

၂၁.လင်မယားကံကောင်းသည်

၂၂.ဘဝမှာကြီးမားသောဒုက္ခမရောက်နိုင်ပါ

၂၃.နောင်ရေးအတွက်မပူရပါ

၂၄.လည်ချောင်းနှင့်ပတ်သက်သောရောဂါကိုသတိထားပါ

Naver
( Share လုပ်ပေးခြင်းဖြင့် ကူညီပါ )

ဗေဒင်ဝါသနာအိုး Page မှာ Like လုပ်ထားခြင်းဖြင့် ဗေဒင်အခမဲ့ ဖတ်နိုင်ပါပြီ
https://www.facebook.com/baydinwartanaroh

မော်တော်ယာဉ်အန္တရာယ်ကင်းစေရန်နည်း (ဗေဒင်ဝါသနာအိုး)




ဖလားတစ်လုံးထဲတွင် ရေသန့်သန့် ထည့်ပါ။ ထို့နောက် ဘုရားတရားသံဃာ ရတနာ မြတ်သုံးပါး၏ ဂုဏ်တော် ကျေးဇူးတော်ကို စိတ်ထဲမှ အာရုံပြု ရည်မှန်းလျှက် (ဗုဒ္ဓံ သရဏံ ဂစ္ဆာမိ ၊ ဓမ္မံ သရဏံ ဂစ္ဆာမိ ၊ သံဃံ သရဏံ ဂစ္ဆာမိ) ဟူ၍ ရွတ်ဆိုပါ။ ထို့နောက် အဲဒီ ရေဖြင့် ကားရှေ့ မီးလုံးများကို အရင်ဆုံး ပက်ဖြန်းပွတ်တိုက်ပေးရမည်။
ထို့နောက် ကားရှေ့မှန်များကို ပက်ဖြန်း၍ သန့်စင်ဆေးကြောပေးပါ။ ဖြစ်နိုင်လျှင် ကားခေါင်းခန်းထဲသို့ အနည်းငယ် တောက်ပေးလို့ ရပါသည်။ ထို့နောက် (၂၄)ပစ္စည်းကို ရွတ်ဆိုရင်း ကားကို လက်ယာရစ်ပတ်ကာ ထိုဖလားထဲမှ ရေဖြင့် ပတ်ပတ်လည် လိုက်၍ ပက်ဖြန်ပေးပါ။ နံနက်ခင်း မော်တော်ယဉ် မမောင်းခင် အထက်ပါအတိုင်း ဆောင်ရွက်ပါ။ ဤနည်းအတိုင်း ဆောင်ရွက်ကြည့်ပါက သင်၏ မော်တော်ယဉ်နှင့် ပါတ်သက်၍ မည်သည့် ဘေးအန္တရာယ်မျှ မကြုံရတော့ပါ။ ကားလုပ်ငန်းဖြင့် အသက်မွေးနေကြသောသူများ စီးပွားပွင့် လာဘ်ပွင့်စေသော နည်းလည်း ဖြစ်ပါသည်။

(နေပြည်တော် ရန်ကုန် အမြန်ကားလမ်းတွင် မကြာခဏ ကားအက်စီးဒင့်များ ကြုံနေရသည်ကို မြင်ရတွေ့ရသောကြောင့်သတိတရ ရေးသားပေးလိုက်ခြင်း
ဖြစ်ပါသည်)

ဆရာဟိန်းတင့်ဇော်
ဗေဒင်ဝါသနာအိုး Page မှာ Like လုပ်ထားခြင်းဖြင့် ဗေဒင်အခမဲ့ ဖတ်နိုင်ပါပြီ
https://www.facebook.com/baydinwartanaroh

ဘေးကျပ်နံကျပ် အခက်တွေ့နေသူများအတွက် ယတြာ (ဗေဒင်ဝါသနာအိုး)



ယုံယုံကြည်ကြည်နဲ့လုပ်ကြည့်လိုက်ပါ။ အဆင်ပြေတာကို တွေ့ရပါလိမ့်မယ်။

အစွန်းအထင်းကင်းစင်သော စက္ကူဖြူ တစ်ခုအား ကတော့ထိုးပါ။ ၎င်းစက္ကူကတော့ အတွင်း၌ ပိတောက်ညွန့် (၁၂)ညွန့် ထည့်ပါ။ ထန်းလျှက်ခဲ (၁၁)ခဲ ထည့်ပါ။ ထို့နောက် နဂါးရုံဘုရား တစ်ဆူဆူတွင် နေ့သားအလိုက် သတ်မှတ်ထားသော အချိန်တွင် သွားရောက်လှူဒါန်းပူဇော် ဆုတောင်းပါ။

နေ့သားအလိုက် ဆောင်ရွက်ရမည့် အချိန်များ

တနင်္ဂနွေသားသမီးများ - တနင်္လာနေ့ ညနေ ၃း၀၀ မှ ၄း၃၀ ကြား
တနင်္လာသားသမီးများ - အင်္ဂါနေ့ ညနေ ၃း၀၀ မှ ၄း၃၀ ကြား
အင်္ဂါသားသမီးများ - ဗုဒ္ဓဟူးနေ့ ညနေ ၃း၀၀ မှ ၄း၃၀ ကြား
ဗုဒ္ဓဟူးသားသမိးများ - ကြာသပတေးနေ့ နံက် ၉း၀၀ မှ ၁၀း၃၀ ကြား
ကြာသပတေးသားသမီးများ - သောကြာနေ့ ညနေ ၃း၀၀ မှ ၄း၃၀ ကြား
သောကြာသားသမီးများ - စနေနေ့ ညနေ ၃း၀၀ မှ ၄း၃၀ ကြား
စနေသားသမီးများ - တနင်္ဂနွေနေ့ ညနေ ၃း၀၀ မှ ၄း၃၀ ကြား

နဂါးရုံဘုရားတွင်ပူဇော်သောအခါ နေအိမ်အနီး တွင်ရှိသော ဘုရားတွင် ပူဇော်၍လည်း ရပါသည်။ မိမိ၏ တေဇအရပ်တွင် ရှိသော နဂါးရုံဘုရားတွင် လှူက ပိုမို ထိရောက်ပါသည်။ မိမိ၏ တေဇ အရပ်မျက်နှာများကို အောက်တွင် ဖော်ပြပေးလိုက်ပါသည်။

တနင်္ဂနွေသားသမီးများ - အနောက်အရပ်အရပ်ဖြစ်ပါသည်။
တနင်္လာသားသမီးများ - အနောက်မြောက်အရပ်ဖြစ်ပါသည်။
အင်္ဂါသားသမီးများ - မြောက်အရပ်ဖြစ်ပါသည်။
ဗုဒ္ဓဟူးသားသမိးများ - အရှေ့မြောက်အရပ်ဖြစ်ပါသည်။
ကြာသပတေးသားသမီးများ - အရှေ့တောင်အရပ်ဖြစ်ပါသည်။
သောကြာသားသမီးများ - အနောက်တောင်အရပ်ဖြစ်ပါသည်။
စနေသားသမီးများ - အရှေ့အရပ်ဖြစ်ပါသည်။

မှတ်ချက် ။ အထက်ပါယတြာကို စီးပွားရေး လုပ်ငန်းအဖြာဖြာတွင် ဘေးကျပ်နံကျပ် ဖြစ်၍ အတိဒုက္ခရောက်နေသူများအတွက် အားကိုးစရာ ကံကြမ္မာအလှည့်အပြောင်း တစ်ချက်ကောင်း ကြုံစေရန် မည်သူမဆို ဆောင်ရွက်နိုင်သည်။ အဆင်ပြေချောမောနေသူများ လုပ်စရာမလိုပါ။ စီးပွားပျက်၊ အလုပ်ပြုတ်၊ အိမ်တွင်းရေး မသာယာ၊ အကြွေးပူ၊ အိမ်ထောင်ရေး မကောင်း၊ လူမှု့ရေး အနှောက်အယှက်များ ၊ အမှု့အခင်းကြုံ ဆိုးခြင်းအဖြာဖြာ ဥပါဒ်အသွယ်သွယ်နှင့် ရင်ဆိုင်နေရ၍ ကိုယ့်ကိုကို သတ်သေချင်လောက်အောင် စိတ်ညစ် စိတ်ဓာတ်ကျနေသူများ ဆောင်ရွက်လိုက်ပါ။ မုချ မလွဲမသွေ စိတ်ချမ်းမြေ့စရာများနှင့် အဆင်ပြေရန် အကြောင်းအရာများ ပေါ်ပေါက်လာပါလိမ့်မည်။

ဆရာဟိန်းတင့်ဇော်
ဗေဒင်ဝါသနာအိုး Page မှာ Like လုပ်ထားခြင်းဖြင့် ဗေဒင်အခမဲ့ ဖတ်နိုင်ပါပြီ
https://www.facebook.com/baydinwartanaroh

အချစ်ကံခေလွန်းနေသူများအတွက် ယတြာနည်း (ဗေဒင်ဝါသနာအိုး)



သင်နေသောအခန်းထဲက အနောက်တောင်ထောင်တွင် ထောင့်ကပ်စာပွဲငယ်တစ်လုံး ထိုအပေါ်တွင် လည်တံရှည်ပန်းအိုး တစ်လုံးတင်ပါ။ အဖြူရောင် ကြွေပန်းအိုးလေး ဖြစ်ရမယ်။ အခြားသော မြေပန်းအိုး ကြေးပန်းအိုး စတီးပန်းအိုး သတ္တုပန်းအိုးများ မရပါ။ ကြွေပန်းအိုးဖြစ်ရမယ်။ အဲဒီပန်းအိုးလေးထဲမှာ နှင်းဆီပန်းအနီ ရိုးတံရှည် အရွက်အနည်းငယ်ပါ တစ်ပွင့် ထိုးစိုက်ထားရမယ်။ နှင်းဆီပန်း အစစ်ဆိုရင် ပိုကောင်းတယ်။ နောက်ဆုံး ပန်းအစစ်မရမှ အတုကို သုံးနိုင်ပါသည်။ ပန်းအတု သုံးတယ်ဆိုရင်တော့ အဲဒီနှင်းဆီပန်းကို ရေမွှေးဆွတ်ဖြန်ပေးရမည်။ အစစ်က ပိုကောင်းသည်။ နှင်းဆီပန်းက ပွင့်အာနေရမည်။ နှင်းဆီပန်းညှိုးနွမ်းပါက အသစ်လဲပေးရမည်။ ဟောင်းသွားပါက အသစ်လဲပေးရမည်။ အဲဒီလို ဆောင်ရွက်ထားခြင်းဖြင့် အချစ်ရေး အဆင်မပြေသူများ အချစ်ရေး အဆင်ပြေမည်။ အချစ်ကံကောင်းခြင်းများ ဖြစ်မည်။ စန်းအားနည်းနေသူများ စန်းပွင့်မည်။

ဆရာဟိန်းတင့်ဇော်
ဗေဒင်ဝါသနာအိုး Page မှာ Like လုပ်ထားခြင်းဖြင့် ဗေဒင်အခမဲ့ ဖတ်နိုင်ပါပြီ
https://www.facebook.com/baydinwartanaroh

သားဆိုးသမီးဆိုးတို့အား မိဘ ပြောဆိုစကား အောင်မြင်စေရန် (ဗေဒင်ဝါသနာအိုး)



မိဘတိုင်းသည် မိမိတို့၏ ရင်သွေးရတနာများကို လိမ္မာစေချင်ကြ၏။ ကောင်းမွန်စွာ ကြီးပျင်းစေချင်ကြ၏။ မိဘ အကြီးအကဲ ဖြစ်သူများ၏ ပြောဆို ဆုံးမ စကားကိုလည်း နားထောင်စေချင်ကြ၏။ တစ်ခါတစ်ရံတွင် မိမိတို့၏ မိသားစုအတွင်း ပြောဆို ဆုံးမ စကားကို လုံးဝ မနာယူသော ထော်လော် ကန့်လန့် သားသမီးများနှင့် ကြုံတွေ့ရသော အခါ မိဘ အုပ်ထိမ်းသူများသည် အင်မတန် စိတ်မကောင်း ဖြစ်ကြရ၏။ သားဆိုး သမီးဆိုးများကို အကြောင်းပြု၍ နေ့စဉ်နှင့်အမျှ စိတ်သောကနှင့် ရင်ဆိုင်ကြရ၏။ ကြာလာသည်နှင့်အမျှ မိမိတို့၏ သားဆိုးသမီးဆိုးများကို စိတ်ကုန်လာ လောက်အောင် ဖြစ်လာကြတော့၏။ တစ်ချို့ အဆုံးစွန်ထိ ဆိုးသွမ်း လာပြီနောက်ပိုင်း မိဘတို့သည် မိမိတို့၏ သားဆိုးသမီးဆိုးတို့ကို စွန့်ပစ်ကြရလောက်သည့် အထိ ဖြစ်ကုန်ကြတော့၏။

တစ်ချို့သည် ယာယီမျှသာ ဆိုးသွမ်းခြင်း ဖြစ်၏။ ခနတဖြုတ် ဖြစ်၏။ နောင် ပြန်ကောင်းသွားကြ၏။ တချို့သော သူများသည်ကာ တစ်လလည်း ပြန်ကောင်းမလာ တစ်နှစ်အကြာလည်း ပြန်ကောင်းမလာဖြင့် ရပ်ကွက်အတွင်း မိသားစုအတွင်း လူဆိုး လူရမ်းကားများသာ ဖြစ်ကြကုန်၏။ ထိုကဲ့သို့ မိမိတို့၏ သားသမီး များနှင့် ပါတ်သက်၍ ပြောဆို ဆုံးမ မရပါက အောက်ပါအတိုင်း နေ့သားအလိုက် ယတြာ ချေလို့ ရပါသည်။

တနင်္ဂနွေသားသမီးများ မိဘ ပြောဆိုစကား နားမထောင်သောအခါ
မိဘအုပ်ထိမ်းသူက လောက်သေရွက် (၁၀)ညွန့် ပန်းအိုးတစ်လုံးနှင့် သီးသန့် ဘုရားလှူပါ။ မြေပဲ သို့မဟုတ် ပေါင်မုန့်စားရင်း ပြောဆို ဆုံးမပါ။

တနင်္လာသားသမီးများ မိဘ ပြောဆိုစကား နားမထောင်သောအခါ
မိဘအုပ်ထိမ်းသူက ပိတောက် (၁၂))ညွန့် ပန်းအိုးတစ်လုံးနှင့် သီးသန့် ဘုရားလှူပါ။ သီဟိုဠ်စေ့ စားရင်း ပြောဆို ဆုံးမပါ။

အင်္ဂါသားသမီးများ မိဘ ပြောဆိုစကား နားမထောင်သောအခါ
မိဘအုပ်ထိမ်းသူက သပြေ (၆))ညွန့် အုန်းညွန့် (၁)ညွန့်ကို ပေါင်း၍ ပန်းအိုးတစ်လုံးနှင့် သီးသန့် ဘုရားလှူပါ။ နွားနို့သောက်ရင်း ပြောဆို ဆုံးမပါ။

ဗုဒ္ဓဟူးသားသမီးများ မိဘ ပြောဆိုစကား နားမထောင်သော အခါ
မိဘအုပ်ထိမ်းသူက ဒါန်းကြီး (၉))ညွန့် ပန်းအိုးတစ်လုံးနှင့် သီးသန့် ဘုရားလှူပါ။ အုန်းသီးစိပ် စားရင်း ပြောဆို ဆုံးမပါ။

ကြာသပတေးသားသမီးများ မိဘ ပြောဆိုစကား နားမထောင်သော အခါ
မိဘအုပ်ထိမ်းသူက သြဇာညွန့် (၁၃))ညွန့် ဘုရားလှူပါ။ ကိတ်မုန့် စားရင်း ပြောဆို ဆုံးမပါ။

သောကြာသားသမီးများ မိဘ ပြောဆိုစကား နားမထောင်သော အခါ
မိဘအုပ်ထိမ်းသူက ခရေ (၆))ညွန့် ပန်းအိုးတစ်လုံးနှင့် သီးသန့် ဘုရားလှူပါ။ ဇီးသီး စားရင်း ပြောဆို ဆုံးမပါ။

စနေသားသမီးများ မိဘ ပြောဆိုစကား နားမထောင်သော အခါ
မိဘအုပ်ထိမ်းသူက စံပယ် (၈)) ကုံး ပန်းအိုးတစ်လုံးနှင့် သီးသန့် ဘုရားလှူပါ။ လဘက်ရည် သောက်ရင်း ပြောဆို ဆုံးမပါ။

အားလုံးအဆင်ပြေ အေးချမ်းကြပါစေ

ဆရာဟိန်းတင့်ဇော်
ဗေဒင်ဝါသနာအိုး Page မှာ Like လုပ်ထားခြင်းဖြင့် ဗေဒင်အခမဲ့ ဖတ်နိုင်ပါပြီ
https://www.facebook.com/baydinwartanaroh