ဗေဒင်ဝါသနာအိုးမှ (၇)ရက်သားသမီးများအတွက် ( ၂၂-၉-၂၀၁၄ မှ ၂၈-၉-၂၀၁၄ ) အတွင်း ကံကြမ္မာဟောစာတမ်း

တနင်္ဂနွေ

လူတစ်ဖက်သား ကြိုးစား ရှာထားသည့် ဥစ္စာပစ္စည်းအား အချောင်လိုချင်သော သူများ၊ လူတစ်ဖက်သား အကျိုးမဲ့အောင်
လုပ်သူများနှင့် တွေ့မည်။ ကောက်ကျစ်သူ များ၏ ထောင်ချောက် အတွင်း သက်ဆင်း ရတတ်သည်။ (ဗေဒင်ဝါသနာအိုး) https://www.facebook.com/baydinwartanaroh  ဥပဒေနှင့် မကင်းသော အလုပ်များ ရှောင်ပါ။ ပစ္စည်း အပျောက်အရှ ဂရုစိုက်ပါ။ အလုပ်တစ်ခု၊ ကိစ္စ တစ်ခုအား အလွယ်တကူ မဆုံးဖြတ်ပါနှင့်။ သင့်၊ မသင့်နှိုင်းဆပြီးမှ လုပ်ပါ။ အကြီးအကဲ၊ မိဘကျန်းမာရေး ဂရုစိုက်ပါ။
ယတြာ ။ ။ မွေးနေ့၌ ခရမ်းရောင်သစ်ခွ မိမိနံဘေးတွင် စိုက်ပျိုးထားရှိပါ။

ဗေဒင်ဝါသနာအိုး Page မှာ Like လုပ်ထားခြင်းဖြင့် ဗေဒင်အခမဲ့ ဖတ်နိုင်ပါပြီ
https://www.facebook.com/baydinwartanaroh

~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~*******~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~
တနင်္လာ

လျှို့ဝှက်မျိုသိပ်ပြီး အရာရာ ဆောင်ရွက်သင့်သည်။ မဟုတ်မမှန် အကျိုးမရှိသောစကား ပြောသော သူများနှင့် တွေ့တတ်သည်။ အငြင်းအခုံပြောသူများ ရှောင်ပါ။ (ဗေဒင်ဝါသနာအိုး) https://www.facebook.com/baydinwartanaroh ကိုယ့်အားကိုယ်ကိုးပြီး တစ်ကိုယ်တည်း ကြိုးစား လုပ်ကိုင်လေ အောင်မြင်လေ ဖြစ်မည်။ ပိုင်ပိုင်နိုင်နိုင်၊ နှံ့နှံ့စပ်စပ်မရှိသော အလုပ်များ လုပ်ကိုင်ရမည်။ ခက်ခက်ခဲခဲ ရှိလင့်ကစား အောင်မြင်မှုရမည်။ ဇွဲရှိခြင်းကြောင့် အောင်မြင်မှု ရမည်။ အပျော်အပါးဘက် စိတ်သန်နေသည်။
ယတြာ ။ ။ မွေးနေ့၌ စတီးပန်းအိုးအတွင်း အရောင် မတူ ကျောက်စရစ်ခဲ နှစ်ခဲထည့်၍ ကာနေရှင်းရောင်စုံထိုးပါ။

ဗေဒင်ဝါသနာအိုး Page မှာ Like လုပ်ထားခြင်းဖြင့် ဗေဒင်အခမဲ့ ဖတ်နိုင်ပါပြီ
https://www.facebook.com/baydinwartanaroh

~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~*******~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~
အင်္ဂါ

စတင်လိုက်သော ကိစ္စများ တစ်ပိုင်းတစ်စလုပ်ခြင်း၊ လက်တွေ့ထက် စိတ်ကူးယဉ်ခြင်း၊ (ဗေဒင်ဝါသနာအိုး) https://www.facebook.com/baydinwartanaroh စိတ်မငြိမ်မသက်မှု များ ရှိနေမည်။ အခက်အခဲကြားမှ တိုးတက်မည်။ ခရီးကိစ္စ အောင်မြင်မည်။ အလုပ်အကြံ တစ်ခုမပြီးခင် နောက်တစ်ခု ကိုင်တွယ်ရမည်။ မိတ်ဆွေအဟန့်အတားကြောင့် ကိုယ်လုပ်ကိုင်သော အလုပ်များ ပျက်ယွင်း ခြင်းများ ရှိမည်။ မိဘအကြီးအကဲ ကျန်းမာရေး ချူချာမည်။ ဥပဒေရေးရာနှင့် ပတ်သက်သောကိစ္စများ လိုက်လံ ဖြေရှင်းပေးရတတ်သည်။
ယတြာ ။ ။ မွေးနေ့၌ ငါးရုပ်ပုံ မျက်နှာသုတ်ပဝါတစ်ထည် ဝယ်ယူသုံးစွဲပါ။

ဗေဒင်ဝါသနာအိုး Page မှာ Like လုပ်ထားခြင်းဖြင့် ဗေဒင်အခမဲ့ ဖတ်နိုင်ပါပြီ
https://www.facebook.com/baydinwartanaroh

~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~*******~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~
ဗုဒ္ဓဟူး

ကိုယ်လိုချင်သည့်ပစ္စည်း တန်သည်၊ မတန်သည် အပထား၊ ဇွတ်ဝယ်ယူလိမ့်မည်။ ဝယ်ပြီးမှ စိတ်အနှောင့် အယှက် ဖြစ်တတ်သည်။ (ဗေဒင်ဝါသနာအိုး) https://www.facebook.com/baydinwartanaroh သူတစ်ပါးမှ ရေရေရာရာမရှိဟု ဆိုသော အလုပ်များ မိမိလုပ်ကိုင်၍ အောင်မြင်မှု ရမည်။ လက်တစ်ကမ်းအတွင်း ပေါ်ပေါက်လာသော အခွင့်အရေးများ မယူမိ၍ အကျိုးရှိတန်သလောက် မရှိ သလို ဖြစ်မည်။ တစ်ပါးသူနှင့် မတူသော ရှုထောင့်မှ လုပ်ကိုင်ရင်း အောင်မြင်မှုရမည်။
ယတြာ ။ ။ မွေးနေ့၌ လေတိုက်လျှင် လည်ပတ်နေသော စကြာပုံ ဝယ်ယူပြီး အိမ်ရှေ့တွင် ထားရှိပေးပါ။

ဗေဒင်ဝါသနာအိုး Page မှာ Like လုပ်ထားခြင်းဖြင့် ဗေဒင်အခမဲ့ ဖတ်နိုင်ပါပြီ
https://www.facebook.com/baydinwartanaroh

~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~*******~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~
ရာဟု

အကျပ်အတည်း မည်မျှရှိစေ မဖြစ်ဖြစ်သောနည်းနှင့် အောင်မြင်အောင် ဆောင်ရွက်နိုင်မည်။ သက်သာဇိမ် ကျစွာ နေရကိန်း မရှိ။ (ဗေဒင်ဝါသနာအိုး) https://www.facebook.com/baydinwartanaroh အလုပ် တစ်မျိုးပြီး တစ်မျိုးနှင့် လူပင်ပန်း၊ စိတ်ပင်ပန်း ဖြစ်မည်။ ကျန်းမာရေး ချူချာမည်။ မတော်တဆ ထိခိုက်မှု ဖြစ်တတ်သည်။ ကိုယ့်ဘက်က မှားသည်၊ မှန်သည် ဖြစ်စေ အနိုင်ယူချင်သော စိတ်ကို လျှော့ပါ။ ကတိစကား အမျိုးမျိုးပေးပြီး ထင်ရာစိုင်းတတ်သော သူနှင့် တွေ့တတ်သည်။
ယတြာ ။ ။ မွေးနေ့ညနေ ပိုင်း၌ ကျောက်စရစ်ခဲခြောက်တုံး ရွှေရောင်သုတ်၊ ယွန်းဘူးတစ်ခုထဲ ထည့်၍ ဆောင်ပါ။

ဗေဒင်ဝါသနာအိုး Page မှာ Like လုပ်ထားခြင်းဖြင့် ဗေဒင်အခမဲ့ ဖတ်နိုင်ပါပြီ
https://www.facebook.com/baydinwartanaroh

~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~*******~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~
ကြာသပတေး

စိတ်ဓာတ်ခိုင်မာမှုကြောင့် တော်ရုံ တန်ရုံ ပြဿနာများအား အလွယ်တကူ အရှုံးမပေးဘဲ အောင်မြင်အောင် ဆောင်ရွက်နိုင်မည်။ (ဗေဒင်ဝါသနာအိုး) https://www.facebook.com/baydinwartanaroh အခါတိုင်းထက် ပို၍ မိုက်မိုက်မဲမဲ လုပ်လိုမည်။ အလုပ်တစ်ခုလုပ်က အချိန်ရွေ့လျားလို မည်။ အလွယ်တကူ ပြီးမြောက်မည့် ကိစ္စကိုပင် ရေးကြီးခွင်ကျယ် လုပ်ခြင်း၊ အကုန်အကျ သက်သာစွာ လုပ်နိုင် သည့်ကိစ္စများကို ချဲ့ထွင်လိုမည်။ ပညာရှာသူများ အထူးတလည် အောင်မြင်မည်။ မိသားစုတွင် သတင်းကောင်း များ ရရှိမည်။ စီးပွားအောင်မြင်မည်။
ယတြာ ။ ။ မွေးနေ့၌ မြေပန်းအိုးအတွင်း ထိကရုန်းပင် အလှစိုက်ပျိုးပါ။

ဗေဒင်ဝါသနာအိုး Page မှာ Like လုပ်ထားခြင်းဖြင့် ဗေဒင်အခမဲ့ ဖတ်နိုင်ပါပြီ
https://www.facebook.com/baydinwartanaroh

~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~*******~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~
သောကြာ

ရန်၊ အနှောင့်အယှက် အတိုက်အခံ များသည်။ အရာရာ သတိနှင့် ဆောင်ရွက်သင့်သည်။ အိမ်တွင်းရေး အညံ့ရှိမည်။ ပျိုရွယ်သူများ မေတ္တာရေး လမ်းကြောင်းတွင် အနှောင့်အယှက် ရှိမည်။ (ဗေဒင်ဝါသနာအိုး) https://www.facebook.com/baydinwartanaroh ပညာရှာသူများ အထူး ကောင်းမည်။ ရုတ်ခြည်းပေါ်ပေါက်လာသည့် အခြေအနေကို အသုံးချ၍ စီးပွားကိစ္စ ဆောင်ရွက်ပါ။ အပြောင်း အလဲ ကိစ္စ တစ်ခုခုပေါ်က လက်ခံပါ။ သူတစ်ပါး ကိစ္စ ကြားဝင် အာမခံခြင်း ရှောင်ပါ။
ယတြာ ။ ။ မွေးနေ့၌ အုန်းပင်တစ်ပင်ကို ကျောမှီပြီး ကိုယ်တိုင်ဓာတ်ပုံရိုက်၍ အနီးတွင်ထားပါ။

ဗေဒင်ဝါသနာအိုး Page မှာ Like လုပ်ထားခြင်းဖြင့် ဗေဒင်အခမဲ့ ဖတ်နိုင်ပါပြီ
https://www.facebook.com/baydinwartanaroh

~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~*******~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~
စနေ

အထူး သတိရှိရမည့် ကာလ ဖြစ်သည်။ စိတ်ပင်ပန်း၊ လူပင်ပန်း ဖြစ်တတ်သည်။ အရာရာ စနစ်တကျ စီစဉ်ထားပြီးမှ အတားအဆီး အနှောင့်အယှက် ဖြစ်တတ်သည်။ (ဗေဒင်ဝါသနာအိုး) https://www.facebook.com/baydinwartanaroh မိမိအပေါ် စိတ်အနှောင့်အယှက် ပေးသူနှင့် တွေ့မည်။ အပြောင်းအလဲကိစ္စ၊ ခရီးကိစ္စ ဆောင်ရွက်နိုင်မည်။ အရှိအတိုင်းမပြော ချဲ့ကားပြီး ပြောသူများနှင့် တွေ့တတ်သည်။ ညင်သာစွာ လည်းကောင်း၊ စကားချိုသာစွာ ပြော၍ ဒုက္ခပေးသူများနှင့် တွေ့တတ်သည်။ အလှူဒါန မကြာခဏ ပြုပေးပါ။
ယတြာ ။ ။ မွေးနေ့၌ အရှေ့အရပ်ရှိ ဘုန်းကြီးကျောင်းတွင် သစ်သီးကိုးလုံး သွားရောက်လှူပါ။

ဗေဒင်ဝါသနာအိုး Page မှာ Like လုပ်ထားခြင်းဖြင့် ဗေဒင်အခမဲ့ ဖတ်နိုင်ပါပြီ
https://www.facebook.com/baydinwartanaroh

သုဂတိ ဘုံ သို့ ဘဝ ကူးနည်း


သေနည်း။

မည်သူ မဆို တစ်နေ့ မုချ သေရမည် ။ နေတတ်ဖို့ လိုသလို သေတတ်ဖို့လည်း အရေးကြီးပေသည် ။
သေ တတ်အောင် ကြိုတင် ပြင်ဆင် ထားဖို့ လိုသည် ။ ကုသိုလ် ကောင်းမှု တွေ ဘယ်လောက် များများ သေခါ နီး စိတ်ထား မတတ်လို့ ဘဝကူး မကောင်းသူတွေ များလှ၏ ။ သေပုံ သေနည်း မတတ်လို့ ပြိတ္တာ ဖြစ်၊ တိရ စ္ဆာန် ဖြစ် ၊ ငရဲ ကျသူတွေ အများ အပြား ရှိ၏ ။

မည်သူ မဆို သတ္တဝါ တို့ မည်သည် ရေနစ်တဲ့ သူဟာ အားကိုး တကြီး တွေ့ ရာဆွဲယူ တတ်သလို သေခါ နီး တဲ့ အခါ စွဲမိ စွဲရာ စွဲတတ်ကြသည် ။ မခွဲနိုင် မခွာ ရက် တပ်မက် စွဲလမ်းနေတတ်ကြ သည် ။ သံယောဇဉ် တွေကို ကြိုတင် ဖြတ်ထားဖို့ လိုသည် ။ ခင်ပွန်း၊ ဇနီး ၊ သမီး ၊ သား ၊ ဆွေမျိုး ညာတကာဆိုသည် မှာ ဒီ ဘဝ တွင် ခဏ လာပြီး ဆုံဆည်း ကြ ခြင်း ဖြစ်သည် ။ ကံ စီမံရာ အတိုင်း သူ့ လမ်းသူ သွားကြမှာ ဖြစ်သည် ။ တိုက်တာ ၊ အိမ်ရာ ၊ စည်းစိမ် ဆောင် အရောင်တွေ ၊ ရာထူး တွေ လည်း သေလျှင် ဘာမျှ ပါသွားမှာ မဟုတ်ဘူး ။ တွယ်တာဖို့ မလိုဘူး ။ စိတ်ကို ရှင်းရှင်းထား အားလုံး သံယောဇဉ် ဖြတ်ထား ရမည် ။

သေခါ နီးမှာ ကပ်ပြီး ပြုတဲ့ ကောင်း မှု ကံ သည် သေပြီး နောက်တစ်ဘဝ အတွက် အကျိုးပေး သဖြင့် ဘဝကူး အတွက် အလွန် အရေးကြီး သည် ။ သေခါ နီး ကာလ ဆိုတာ ကိုယ်အား နှုတ်အား တွေ လျော့ ပါး နေတဲ့ အတွက် ကာယကံ မှု ၊ ဝစီကံ မှု ထက် မနောကံ ကိုသာ အများဆုံး လုပ်နိုင်ခွင့် ရှိတော့ သည်ကို သတိ ပြုရမည် ။ မနောကံ အလုပ် ၊ စိတ်ထဲက နှလုံး သွင်း ဆင်ခြင်မှု ကိုသာ အများဆုံး အားထား မှီခိုရပေလိမ့်မည် ။ သေခါ နီး ဆိုတာ များများ မလုပ်နိုင်တော့ ဘူး ။ လုပ်သလောက်ဟာကလေး တိတိကျကျ မိမိရရ ရှိဖို့ အရေး ကြီးပေသည် ။

ဒီဘဝမှာ မသေခင် ဘယ် အရာကို ဘယ်တရားကို အာရုံပြုပြီး ပိုင်ပိုင်နိုင်နိုင်ကြီး ဆွဲကိုင်ပြီး ဘယ်လို ဘဝ ကူးမယ်ဆိုတဲ့ အချက်ကို ကြိုတင်ရွေးချယ် သတ်မှတ် ထားရမည် ။ ဘယ်ပုံ ဝိညာဉ် ချုပ်စေရမယ် ဆို တဲ့ အထိ ဘဝ နိဂုံး ချုပ်မယ့် ပုံစံကို တိတိကျကျ ရေးဆွဲ ထားရမည် ။ ဘယ် အသက် အရွယ်မှာ ၊ ဘယ် အနာ ရောဂါ နှင့် ဘယ်နေ့ ဘယ်အချိန် ၊ ဘယ်နေရာမှာ သေရမည် ဆိုတာ ဘယ်သူမှ ကြိုတင် မသိ နိုင်တဲ့ အတွက် သေနည်းကို ကြိုတင် လေ့ကျင့် ထားဖို့ လိုသည် ။ ညစဉ် အိပ်ယာ ဝင်တိုင်း တကယ်သေခါ နီး အချိန်လို့ သဘောထား ပြီး အစမ်းလေ့ကျင့် ထားဖို့ လိုသည် ။ အလေ့ အထ ဖြစ်အောင် ၊ ခိုင်မာ အောင် မကြာ ခဏ အာရုံပြု လေ့ကျင့် ထားရမည် ။ မိမိ စိတ် အာရုံတွင် နှစ်သက် ကြည်လင် မှုရှိတဲ့ နည်းတစ်မျိုးမျိုး ကို ထပ်ကာ ထပ်ကာ မီးထိုး ပေးနေရမည် ။ တဖန် တလဲလဲ လေ့ကျင့်နေရမည် ။ သေနည်း ငါးမျိုး အနက် ကြိုက် နှစ်သက်ရာ တစ်မျိုး ကို ရွေးချယ်ပြီး သေမင်းကို မကြောက် မရွံ ရင်ဆိုင် နိုင်အောင် အသင့် ပြသ်ထား ရမည် ။

သေနည်း ငါးမျိုး

၁။ သရဏဂုံနှင့် ဘဝ ကူး နည်း ။

၂။ ဒါန နှင့် ဘဝ ကူး နည်း ။

၃။ သီလ နှင့် ဘဝ ကူး နည်း ။

၎။ သမထ နှင့် ဘဝ ကူး နည်း ။

၅။ ဝိပဿနာ နှင့် ဘဝ ကူး နည်း ။

သရဏဂုံ နှင့် ဘဝ ကူး နည်း ။
*********************

သရဏဂုံ တည်ဆောက် ပြီး မကျိုး မပေါက် အောင် စောင့်ထိန်းပါ ။ ဘာ လုပ်လုပ် သရဏဂုံ ရွတ်ဆိုပြီး မှ လုပ်ပါ ။ အလေ့ အထ ဖြစ်နေအောင် သရဏဂုံ နှလုံး သွင်းပြီး သရဏဂုံနှင့် နေသွားပါ ။သေခါ နီးမှာ
ဗုဒ္ဒံသရဏံ ဂစ္ဆာမိ ( မြတ်စွာ ဘုရား ကို ကိုးကွယ်ရာ ဟူ၍ ဆည်းကပ်ပါ၏ ။

ဓမ္မံ သရဏ ဂစ္ဆာမိ (တရားတော် မြတ်ကို ကိုးကွယ်ရာ ဟူ၍ ဆည်းကပ်ပါ၏ ။

သံဃံ သရဏံ ဂစ္ဆာမိ ( သံဃာတော် အရှင်မြတ် များကို ကိုးကွယ်ရာ ဟူ၍ ဆည်းကပ်ပါ၏ ။

လို့ အဓိပာယ် ပါ အာရုံ ထင်လာအောင် စိတ်ထဲကနေ နှလုံးသွင်း ပွားများပါ ။ သရဏဂုံ နှင့် ဘဝ ကူး ရင် ကောင်းရာ သုဂတိ ရောက်သည် ။

ဒါန နှင့် ဘဝ ကူးနည်း
++++++++++++

ဘဝ တစ်သက်တာ တွင် မိမိပြုခဲ့တဲ့ ဒါန ကောင်းတွေ ထဲက အနေကျပ်ဆုံး ၊ အကြိုက် အနှစ်သက်ဆုံး၊ ပီတိ အဖြစ်ဆုံး အလှူ ဒါန ကောင်းမှု တစ်ခုခုကို ရွေးပါ ။
ပီတိ အားကောင်းမှ အကျိုးပေး ထက်သန်တာ ဖြစ်လို့ ထို ပီတိ အဖြစ်ဆုံး ဒါန ကောင်းမှု ကို ခုလောလောဆယ် လှူ နေရသလို အာရုံ ထင်မြင်ပြီး ကြည်နုး ဝမ်းမြောက် ပီတိ ဖြစ်နေရပါ မည် ။ သေခါ နီး နာ မကျန်း ဖြစ်နေ စဉ် အလှူ ဒါန ပြုပြီး ပြုခဲ့ သော အလှူဒါနကို နှလုံးသွင်း ပီတိ ဖြစ်သည် အထိ အားရုံ ပြု ပွားများ၍ လည်း ရပါသည် ။ မိမိ ပြုခဲ့ သော အလှူဒါန ကို ဝမ်းသာ ပီတိ ဖြစ်အောင် နှလုံးသွင်း ဆင်ခြင် ရပါမည် ။
မိမိ လှူ ထားသော အဆောက် အဦး ၊ လှူဖွယ် ပစ္စည်းကို မစွဲလန်းမိရန် သတိ ပြုရပါမည် ။ မိမိ ပြုခဲ့သော အလှူဒါန ကို ဆင်ခြင် နှလုံး သွင်းပြီး ဒါန ပီတိ စိတ်နှင့်ဘဝ ကူးရင် ကောင်းရာ သုဂတိ ရောက်သည် ။

သီလနှင့် ဘဝ ကူးနည်း
****************

နေ့ စဉ် ပုံမှန် ငါးပါး သီလ ခံယူပြီး မကျိုး မပေါက် အောင် စောင့်ထိန်းပါ ။ သေခါ နီး သံယောဇဉ် ဖြတ်ပြီး စိတ်ကို ငြိမ်အောင် ထားပါ ။ မိမိ သီလကို နှလုံးသွင်းပြီး သီလ နုဿတိ ဖြစ်နေ အောင် အထပ်ထပ် အာရုံပြု ဆင်ခြင် ပါ ။ သေခါ နီး တွင် လည်း ဘုရား အာရုံ ပြုပြီး ငါးပါး သီလ ခံယူ ပါ ။ အခု ငါးပါး သီလ ခံယူ ပြီးတဲ့ အချိန်က စပြီး ငါးပါး သီလ လုံခြုံ နေပြီလို့ ဝမ်းသာ ပီတိ ဖြစ်သည် အထိ နှလုံး သွင်း အာရုံ ပြုပါ ။ သီလ ပီတိ စိတ်နှင့် ဘဝ ကူးရင် ကောင်းရာ သုဂတိ ရောက် သည် ။

သမထ နှင့် ဘဝ ကူး နည်း
xxxxxxxxxxxxxxxxxx

သမထ ဆိုတာ တစ်ခုကိုသာ စူးစိုက်ကာ ရှု ခြင်း ဖြစ်သည် ။ စိတ်ကို ဟို သည် မပျံ့  လွင့် ဘဲ အာရုံ တစ်ခု တည်း အပေါ်မှာ တည် ငြိမ်နေအောင် စူးစိုက်ပြီး မှတ်နေ ခြင်း ဖြစ်သည် ။ သမထ ကျင့်စဉ် လေးဆယ် ရှိသည် ။ သေခါ နီး သူ သည် အများ အပြား မလုပ်နိုင်တော့ သဖြင့် တိုတို နှင့် လွယ်ကူ ရှင်းလင်း သော နည်းကို အာရုံပြု ပွားများ လျှင် လုံလောက်ပါသည် ။ ဘုရား ဂုဏ်တော် နှလုံးသွင်း ပွားများနည်း - အရဟံ= ကိလေသာ ကင်းစင်တော် မူသော မြတ်စွာ ဘုရား၊ လို့ အရဟံ ဂုဏ်တော် ရဲ့ သဘောကို ပေါက်အောင် အာရုံ ထင်လာအောင် စိတ်ထဲကနေ နှလုံး သွင်း ပွားများရပါ မည် ။ မေတ္တာ ဘာဝနာ ပွား များနည်း - သတ္တဝါ အားလုံး ကျန်းမာ ချမ်းသာ ကြပါစေ လို့ စိတ်ထဲကနေ နှလုံးသွင်း ပွားများရ ပါမည် ။
ဘုရား ဂုဏ်တော် နှလုံး သွင်း ပွားများ နည်းနှင့် မေတ္တာ ဘာဝနာ ပွားများနည်း ကို ကြိုက်နှစ်ရာ တစ်ခုကို ပီတိ ဖြစ်သည် အထိ နှလုံး သွင်း အာရုံပြုပါ ။ ကောင်းရာ သုဂတိ ရောက်သည် ။

ဝိပဿနာ နှင့် ဘဝ ကူးနည်း
++++++++++++++++

ဝိပဿနာ ဆိုတာ ပေါ်ရာ ပေါ်ရာမှာ ရှု ခြင်းဖြစ်ပါသည် ။ ကိုယ် အမှု အရာ ဘာပဲ ပြုပြု - ပြုနေစဉ် ၊ စိတ် အမှု အရာ ဘာပဲ ဖြစ် ဖြစ် - ဖြစ်နေစဉ် ၊ နေ့ စဉ် တိုင်း နေ့ စဉ် တိုင်းမှာ ဖြစ်နေတဲ့ သဘောကို ဖြစ်နေ တဲ့ အတိုင်း သတိ ကပ် ရှု မှတ် သွား ရန် ဖြစ်သည် ။ ရုပ် နာမ် တရား တို့ကို အနိစ္စ ၊ ဒုက္ခ ၊ အနတ္တ အားဖြင့် အဖန်ဖန် အထပ်ထပ် ရှု မှတ် ပွားများ အားထုတ်ခြင်း ဖြစ်သည် ။ ဝိပဿနာ ဘာဝနာ တစ်ခုခု ကို ဆရာ သမား ကောင်းထံ နည်း နာခံပြီး စနစ် တကျ လေ့ ကျင့် ထားရမည် ။ ရိပ်သာ မကြာ မကြာ ဝင် ပြီး ဝိပဿနာ အားထုတ် ရမည် ။ အိမ် မှာလည်း နေ့ စဉ် မှန် မှန် အားထုတ် ရမည် ။ ဝိ ပဿနာ ကို နှလုံး သွင် ပြီး ဘဝ ကူးရင် ကောင်းရာ သုဂတိ ရောက် သည် ။

( မိုးကုတ် ဆရာတော်ဘုရား ကြီး ၏ ဝေဒနာ ကုန်ပျောက် နိဗာန် ပေါက် တရား တော်မှ ဝိ ပဿနာ နှင့် ဘဝ ကူး နည်း ကို အကျဉ်းချုပ် ကောက် နှုတ် ဖော် ပြ ပါမည် ။ ဘုရား ရှင်က သေနည်း ၆=မျိုး ဟော ကြား ထားပါသည် ။ ပုထုဇဉ် တို့၏ သေ နည်း က ၃-မျိုး ၊ သောတာပန်- သကဒါဂါမ် ၊ အနာဂါမ် တို့ သေနည်းက ၃-မျိုး ပေါင်း -၆-မျိုး ရှိပါသည် ။ အဲဒီ အထဲက မှ ဆရာတော် ကြီး ဟော ကြားထား သော ပုထုဇဉ် တို့ အတွက် အသင့် တော်ဆုံး သေ နည်း တစ်မျိုးကို ဖော်ပြ ပါမည် ။ အဲဒီ နည်း ကတော့ ဘုရားရှင် နှင့် တပည့်သား တို့ ထံ မှ ကြား နာရသည့် တရား အတိုင်း ဝေဒနာ နှင့် ငါမရောအောင် ကိုယ်တိုင် ရှု မှတ် ပွားများ ၍ သေနည်း ဖြစ် ပါသည် ။

သေခါ နီး တွင် ဝေဒနာ အမျိုးမျိုး ပေါ်လာ မည် ။ အဲဒီ အချိန်မှာ ရှု နည်း အသားကျ နေအောင် အခု ကတည်း က ဝေဒနာ ကို ငါ နှင့် မရောဘဲ ကိုယ် ညာဏ နှင့် ကိုယ် ဖြစ် ပျက် ရှု မှတ် တတ်အောင် ကြိုးစား ပြီး အကျင့် လုပ်ထား ရမည် ။ ဖြစ် ပျက် ရှုမှတ် တဲ့ အတွက် ဝေဒနာ ကို ဖြစ်တာနှင့် ပျက်တာ ပဲ သိနေမည် ။ အမှန် သိနေတဲ့ အတွက် အဝိဇ္ဖာ မလာပါ ။ သံသရာ ဝဋ် ဆင်းရဲ မှ မရုန်း ထွက် နိုင်အောင် သတ္တဝါတို့ အား အလွန် ယစ် မှုးတွေ ဝေ စေတတ်သော အာသဝေါ တရား အကုန် ချုပ်တဲ့ နည်း ၊ ဖြစ်သည် ။ ဒီလို ဝေဒနာ ကို ဖြစ် ပျက် ရှု တဲ့ အတွက် ရှုတဲ့ သူမှာ ပဋိစ္စ သမုပါဒ် တွေ ပြတ်နေ သည် ။ ဒါကြောင့် ရှု ရင်း ရှု ရင်း သောတာပန် ၊ သကဒါဂါမ် ၊ အနာဂါမ် အထိ ရောက်သွား နိုင်သည် ။)

ဓမ္မဒါန…မှတ်ချက် အချို့ စာလုံးများသည် အဆင့် ကျန်နေသည်ကို နား လည်ပေးစေချင်ပါသည်။

စာဖတ်ကြသူ ဓမ္မ မိတ်ဆွေ သူတော်စင် သူတော်ကောင်း အပေါင်းတို့သည် ။
ကိုယ် စိတ် နှစ်ဖြာ ဘေးရန်ကွာ ကျန်းမာ ကြပါစေ…
ကိုယ် စိတ် နှစ်ဖြာ ဘေးရန်ကွာ ချမ်းသာ ကြပါစေ..ဟု…
ဆုတောင်း ပေးရင်း…
မည်သည့် အရာမျှ ထာဝရ ဆုတ်ကိုင် ထားခြင်း မရှိသော…

သာသနာ့ ဟိတကာရီ.အရှင်ကုဏ္ဍလ- နေသိုက်ဈာန်(လမှုး)

ဘဝ မှတ်စု မှ ကူးယူသည်။

ဗေဒင်ဝါသနာအိုး Page မှာ Like လုပ်ထားခြင်းဖြင့် ဗေဒင်အခမဲ့ ဖတ်နိုင်ပါပြီ
https://www.facebook.com/baydinwartanaroh

2014 စက်တင်ဘာလအတွက် သင်္ချာဗေဒဟောကိန်းများ


ဗေဒင်ဝါသနာအိုး Page မှာ Like လုပ်ထားခြင်းဖြင့် ဗေဒင်အခမဲ့ ဖတ်နိုင်ပါပြီ
https://www.facebook.com/baydinwartanaroh


မွေးဂဏန်းသင်္ချာ (1) - ဒီလကတော့ အကောင်းချည်း ဖြစ်ဖို့များပါတယ်။ အလုပ်၊ အချစ် ၊ လူမှုဆက်ဆံရေးအားလုံးမှာ အောင်မြင်ပျော်ရွှင်ရပါလိမ့်မယ်။ ကံကောင်းတိုးတက်မယ့်လ ဖြစ်ပါတယ်။
https://www.facebook.com/baydinwartanaroh


မွေးဂဏန်းသင်္ချာ (2) - အလုပ်အကိုင်၊ ခရီး ၊ အကြံအစည်တွေ အောင်မြင်နိုင်တယ်။ ဒါပေမယ့် မနာလိုခံရ၊ အတွန်းအတိုက်ခံရတာလေးတွေ ၊ ထိခိုက်ရှနာ ကျန်းမာရေးမကောင်းတာလည်း ဖြစ်နိုင်တယ်။
https://www.facebook.com/baydinwartanaroh


မွေးဂဏန်းသင်္ချာ (3) - အောင်မြင်ပျော်ရွှင်ရမည့် လ,ဖြစ်သလို စိတ်ညစ်စရာတွေလည်း ရှိနေမယ်။ အိမ်တွင်းရေး နဲ့ လုပ်ငန်းခွင်အတွင်း ပြဿနာ အနည်းအကျဉ်းရှိနိုင်တယ်။
https://www.facebook.com/baydinwartanaroh


မွေးဂဏန်းသင်္ချာ (4) - ရန်အတိုက်အခံနဲ့ယှဉ်ပြီး အောင်မြင်မယ်။ ကိုယ်လုပ်ခဲ့တဲ့ ကောင်းကျိုး/ဆိုးကျိုး ပြန်ခံစားရမယ်။ ကျန်းမာရေး ချုခြာနိုင်တယ်။
https://www.facebook.com/baydinwartanaroh


မွေးဂဏန်းသင်္ချာ (5) - အလုပ်အကိုင် ၊ ပညာရေး ၊ အကြံအစည်တွေ အောင်မြင်နိုင်ပေမယ့် စိတ်အခန့်မသင့်တာတွေ ၊ ဒေါသပွားရတာတွေလည်း ရှိမယ်။ အကောင်း/အညံ့ ရောနေပါတယ်။
https://www.facebook.com/baydinwartanaroh


မွေးဂဏန်းသင်္ချာ (6) - ကံတော်တော်နိမ့်တဲ့ လ, ဖြစ်ဖွယ်ရှိတယ်။ သတိထားပါ။ အမှားတွေ လုပ်မိတတ်တယ်။ သစ္စာဖောက်၊ ဂျောက်တွန်းခံရတတ်တယ်။ အချစ်ရေးကံမကောင်းပါ။
https://www.facebook.com/baydinwartanaroh


မွေးဂဏန်းသင်္ချာ (7) - အတော် ကံကောင်းအောင်မြင်မယ့် လ, ဖြစ်လိမ့်မယ်။ အလုပ်ရာထူးတက်တာ ၊ နေရာကောင်းရောက်တာ ၊ အတတ်ပညာကောင်းတွေ ရတာတွေ ဖြစ်နိုင်တယ်။
https://www.facebook.com/baydinwartanaroh


မွေးဂဏန်းသင်္ချာ (8) - အလုပ် ၊ အချစ် ၊ ဆက်ဆံရေးတွေ အောင်မြင်မယ်။ ဒါပေမယ့် အလုပ်တွေမှာ အထစ်အငေါ့တွေ ရှိနေတယ်။ နှေးကွေးလေးလံနေတယ်။ ဒီလ အကောင်းအညံ့ ရောနေတယ်။
https://www.facebook.com/baydinwartanaroh


မွေးဂဏန်းသင်္ချာ (9) - ပညာရေး ၊ ခရီး ၊ အကြံအစည် အထမြောက် အောင်မြင်လိမ့်မယ်။ ကံကောင်းတိုးတက်မှု မြင့်မားမယ့် လ, ဖြစ်လိမ့်မယ်။
https://www.facebook.com/baydinwartanaroh


မွေးဂဏန်းသင်္ချာ (10) - အပျော်မလွန်နဲ့၊ အပွမကြံနဲ့၊ အချောင်လမ်းစဉ်မလိုက်နဲ့၊ ရိုးရိုးသားသား မှန်မှန်ကန်ကန်ကြိုးစား ၊ ဒါဆို ကံအကောင်းဆုံးလ ဖြစ်သွားလိမ့်မယ်။
https://www.facebook.com/baydinwartanaroh


မွေးဂဏန်းသင်္ချာ (11) - ဒီလကတော့ စိတ်ညစ်စရာတွေ ၊ သောကတွေ များနေဦးမယ်။ ဒါပေမယ့် လုပ်စရာရှိတဲ့ အလုပ်တွေပြီးမြောက်အောင်တော့ လုပ်နိုင်လိမ့်မယ်။ ကံ ထက် ၊ ၀ီရိယကို ပိုပြီးအားကိုးရမယ့် လ, ဖြစ်တယ်။
https://www.facebook.com/baydinwartanaroh


မွေးဂဏန်းသင်္ချာ (12) - ကံအတော်လေး ညံ့နိုင်လို့ သတိထားပါ။ လုပ်သမျှကိုင်သမျှ အခက်အခဲများနေမယ်။ ဘယ်သူ့ကိုမှလည်း ယုံလို့မရဘူး ဖြစ်နေမယ်။ အဆင်းမှာ ဘီးတပ်ပေးမယ့်လူ များနေတယ်။ ဘာသာတရားများများလုပ်ပါ။
https://www.facebook.com/baydinwartanaroh


မွေးဂဏန်းသင်္ချာ (13) - လိုအင်ဆန္ဒပြည့်ပြီး စိတ်ချမ်းသာရမယ့် လ, ဖြစ်လိမ့်မယ်။ ပတ်ဝန်းကျင်အသစ်နဲ့ တွေ့ထိဆက်ဆံရလိမ့်မယ်။ အလုပ်နေရာအပြောင်းအလဲ အတိုးအချဲ့ ရှိနိုင်တယ်။
https://www.facebook.com/baydinwartanaroh


မွေးဂဏန်းသင်္ချာ (14) - အခက်အခဲတွေကြားက အောင်မြင်ရေးအတွက် ကြိုးစားနေရမယ့် လ, ဖြစ်လိမ့်မယ်။ သိပ်ကံကောင်းတဲ့ လ,လို့တော့ မဆိုနိုင်ဘူး။ အပြောင်းအလဲတစ်ခု ဖြစ်ကောင်းဖြစ်လိမ့်မယ်။ ကောင်းတဲ့အပြောင်းအလဲဖြစ်ဖို့များတယ်။
https://www.facebook.com/baydinwartanaroh


မွေးဂဏန်းသင်္ချာ (15) - ပြဿနာ အမှုကိစ္စ မဖြစ်အောင် ရှောင်ပါ။ ပြဿနာဟောင်း ပေါ်တတ်တယ်။ ဒါပေမယ့် ကံကောင်းဖို့ မျှော်လင့်ချက်လည်း ရှိပါတယ်။ ကျန်းမာရေး ဂရုစိုက်ပါ။ ဘာသာတရား လုပ်ပေးပါ။
https://www.facebook.com/baydinwartanaroh


မွေးဂဏန်းသင်္ချာ (16) - အလွန်ကံကောင်း တိုးတက်နိုင်တဲ့ လ, တစ်လဖြစ်ဖွယ် ရှိတယ်။ စုတ်လာဘ်ဝင်မယ်။ အလုပ်အကိုင်တိုးတက်မယ်။ အပျော်အပါးမများဖို့သာ ဂရုစိုက်။
https://www.facebook.com/baydinwartanaroh


မွေးဂဏန်းသင်္ချာ (17) - ဒီလဟာ ကြိုးစားအားထုတ်နေရမယ့် လ, ဘဲ ဖြစ်တယ်။ အခွင့်အရေးအကျိုးအမြတ် မရနိုင်သေးဘူး။ ကျန်းမာရေး ရှောင်တခင်ဖြစ်တတ်တာကို သတိပြုရမယ်။ ကံသိပ်မကောင်းလှတဲ့ လဖြစ်လိမ့်မယ်။
https://www.facebook.com/baydinwartanaroh


မွေးဂဏန်းသင်္ချာ (18) - သတိထားပါ။ အကျဉ်းအကျပ် ၊ ပြဿနာတွေ ရုတ်တရက် ၀င်လာတတ်တယ်။ ကိုယ့်အနေအထားက ရာထူး ၊ ဂုဏ်ဒြပ်မြင့်မားသူဖြစ်ရင် ဒီလ အထူးဂရုစိုက်။ ကံမကောင်းမှု တစ်ခုခု ၀င်လာတတ်တယ်။ ဖြေရှင်းဖို့ ခက်လိမ့်မယ်။
https://www.facebook.com/baydinwartanaroh


မွေးဂဏန်းသင်္ချာ (19) - ဒီလ ကံကောင်းတိုးတက်ပါလိမ့်မယ်။ လိုအင်ဆန္ဒပြည့်ဝပါမယ်။ အတိုက်အခံ အပြိုင်အဆိုင်နဲ့ လုပ်နေရတဲ့သူတွေ အပြိုင်အဆိုင်ပေါ်မှာ အနိုင်ရမယ်။ အောင်ပွဲခံနိုင်မယ်။
https://www.facebook.com/baydinwartanaroh


မွေးဂဏန်းသင်္ချာ (20) - ဒီလ ကံမကောင်းပါ။ စိတ်ဖိအားများမယ်။ လူပန်း စိတ်ပန်းမယ်။ ဖိအားပေးပြီး အတင်းအကြပ် အလုပ်ခိုင်းခံရတာမျိုး ကြုံမယ်။ ကိုယ့်လုပ်ငန်းအစီအစဉ်တွေ ဖရိုဖရဲဖြစ်ကုန်တတ်တယ်။
https://www.facebook.com/baydinwartanaroh


မွေးဂဏန်းသင်္ချာ (21) - အကျဉ်းအကြပ် နဲ့ အမှုကိစ္စပွေတတ်တယ်။ ပြဿနာဟောင်း ပေါ်တတ်တယ်။ ရှေ့တိုးမရ နောက်ဆုတ်မရ ပြဿနာတွေ တွေ့တတ်တယ်။ ဘေးဥပဒ် ၊ ထိခိုက်ရှနာတွေ ကြုံတတ်တယ်။ ဘာသာတရားများများလုပ်ပါ။ အလွန်ညံ့တယ်။
https://www.facebook.com/baydinwartanaroh


မွေးဂဏန်းသင်္ချာ (22) - မျှော်လင့်ချက်တွေ ၊ ဆန္ဒတွေ ပြည့်ဝမယ့် လ, ဖြစ်လိမ့်မယ်။ ငွေကြေးကံကောင်းတတ်တယ်။ ကိုယ့်ရာထူး၊ ဘ၀၊ အဆင်အတန်းအခြေအနေတွေ အားလုံးမြင့်မားလာတတ်တယ်။
https://www.facebook.com/baydinwartanaroh


မွေးဂဏန်းသင်္ချာ (23) - ဘ၀ နေရာ အခြေအနေ အပြောင်းအလဲ တစ်ခုခုကြုံတတ်တယ်။ သိပ်ကောင်းတဲ့ အပြောင်းအလဲ ဟုတ်ဖို့ မရှိဘူး။ အခက်အခဲတွေလည်း များလွန်းနေမယ်။ ကိုယ်နဲ့ သက်ဆိုင်သူတစ်ယောက်အတွက် သောကများနေရမယ်။
https://www.facebook.com/baydinwartanaroh


မွေးဂဏန်းသင်္ချာ (24) - လောကဓံ အကောင်း နဲ့ အဆိုး တစ်ခုစီကို တစ်ပြိုင်တည်း ကြုံဆုံနိုင်တဲ့ လဖြစ်တယ်။ ငွေကြေးကိစ္စ ကြုံရမယ်။ ကံအကောင်း နဲ့ ကံအညံ့ ပူးတွဲခံစားရမယ်။ တော်တော် ပြဿနာ စုံနိုင်တဲ့ လဖြစ်ဖွယ် ရှိတယ်။
https://www.facebook.com/baydinwartanaroh


မွေးဂဏန်းသင်္ချာ (25) - ကောင်းလာရာကနေ ချက်ခြင်းကြီး ဆိုးသွားနိုင်တယ်။ ဒါမှမဟုတ် ဆိုးနေရာက ချက်ခြင်းကြီး ကောင်းလာနိုင်တယ်။ ကံကြမ္မာက လှည့်စားပျက်ရယ်ပြုတတ်တယ်။ အကောင်း နဲ့ အညံ့ ပူးတွဲယူရရမယ့် သဘောဘဲ။
https://www.facebook.com/baydinwartanaroh


မွေးဂဏန်းသင်္ချာ (26) - တော်တော်လေး သတိထားရမယ့် လ, ဖြစ်တယ်။ ပြသနာပေါင်းစုံ ဖြေရှင်းရဖွယ်ရှိတယ်။ ကျန်းမာရေးလည်း ဂရုစိုက်။ လိမ်လည်ခံရတတ်တယ်။ ဒုက္ခပေးမယ့် မိတ်ဆွေ ၊ ဆွေမျိုးတွေ တစ်ယောက်ပြီးတစ်ယောက် ရောက်လာတတ်တယ်။ အထူးသတိထားရမယ့် လဖြစ်လိမ့်မယ်။
https://www.facebook.com/baydinwartanaroh


မွေးဂဏန်းသင်္ချာ (27) - အခက်အခဲ ပြဿနာတွေ ၊ အဆင်မပြေမှု အကြပ်အတည်းတွေ ကြုံပြီးမှ ငွေကြေးကိစ္စ အဆင်ပြေလာတတ်တယ်။ စိတ်ညစ်စရာ အကြီးအကျယ်ကြုံပြီးမှ ကံကောင်းလွတ်မြောက်လာရတဲ့ ကိန်းမျိုး ရှိတတ်တယ်။
https://www.facebook.com/baydinwartanaroh


မွေးဂဏန်းသင်္ချာ (28) - တော်တော် ထူးခြားတဲ့ လဖြစ်ဖွယ်ရှိတယ်။ အထုပ်ကြီး အထည်ကြီး ၊ အချီကြီး နဲ့ ပွပေါက်တိုးတတ်တဲ့ ကိန်းမျိုးဘဲ။ အလုပ်ကြီးအကိုင်ကြီး လုပ်သူတွေ ကံပွင့်စန်းပွင့်တတ်တဲ့ လမျိုးဖြစ်တယ်။ မဟုတ်တဲ့အလုပ်တွေ လုပ်နေသူတွေတော့ စားနေတဲ့ ထမင်းလုပ် ပြန်ပြုတ်ကျတတ်တယ်။
https://www.facebook.com/baydinwartanaroh


မွေးဂဏန်းသင်္ချာ (29) - အပြောင်းအလဲ ကြုံတတ်တယ်။ ကောင်းသော အပြောင်းအလဲ ဟုတ်ဟန်မတူဘူး။ ငွေကြေးကျပ်တတ်တယ်။ ကိုယ်လုပ်နေတဲ့ လုပ်ငန်း စီမံကိန်းတွေ ရပ်ဆိုင်းသွားတတ်တယ်။ ကံကောင်းတဲ့ လလို့ မဆိုနိုင်ပါ။
https://www.facebook.com/baydinwartanaroh


မွေးဂဏန်းသင်္ချာ (30) - နှေးကွေးခြင်း ၊ နှောင့်နှေးကြန့်ကြာခြင်း ၊ စောင့်ဆိုင်းရခြင်းများနဲ့ စိတ်ပျက်လက်ပျက်ဖြစ်နေရာက နောက်ဆုံးမှာ ဆန္ဒပြည့်သွားတတ်တဲ့ လ, မျိုးဖြစ်ပါတယ်။ နောက်ဆုံးပိတ် အိတ်နဲ့ လွယ်ရတတ်ပါတယ်။
https://www.facebook.com/baydinwartanaroh


မွေးဂဏန်းသင်္ချာ (31) - တိုးတက်အောင်မြင်မှု ၊ ငွေကြေးဝင်ရောက်မှုတွေ ရှိပေမယ့် အခက်အခဲအကြပ်အတည်းများမယ်။ အမှုကိစ္စပွေမယ်။ ပိုက်ဆံဝင်သလောက် ပြန်ထွက်မယ်။ အကုန်အကျများမယ်။ စိတ်ဆင်းရဲရတာတွေ များတတ်တယ်။
https://www.facebook.com/baydinwartanaroh


= အကျဉ်းချုံး ပြောရရင် ဒီလမှာ 1, 7, 9 , 10, 13, 16, 19, 22, မွေးဂဏန်းပိုင်ရှင်တွေ ကံကောင်းတိုးတက်မှုများပါလိမ့်မယ်။ အနည်းဆုံး စိတ်ချမ်းချမ်းသာသာ နေရမယ့် လဖြစ်ဖွယ်ရှိတယ်။

= 6, 12, 18, 21, 26 မွေးဂဏန်းပိုင်ရှင်တွေ ကံဇာတာ ညံ့ဖွယ်ရှိပြီး သတိထားနေထိုင်ရဖို့ များပါတယ်။

ကျန် မွေးဂဏန်းတွေက အကောင်းအဆိုး မျှနေပါလိမ့်မယ်။ ဘာမှလည်း ကောင်းတာမရှိ/ဘာမှလည်း ဆိုးတာမရှိ ဆိုတဲ့ လူမျိုးတွေလည်း ရှိမှာပေါ့လေ။

တစ်ချို့ တနှစ်လုံးကံဇာတာ အလွန်မြင့်မားနေတဲ့သူများကြပြန်တော့လည်း ကံညံ့တဲ့ လ, ပိုင်းတွေကို လွယ်လွယ်ကူကူဘဲ ဖြတ်သန်းသွားကြပါလိမ့်မယ်။

“အဓိကကတော့ ကိုယ်ရောက်နေတဲ့နှစ်(အသက်ပိုင်း) ရဲ့ ကံဇာတာပါဘဲ”။ အဲဒါ သိပ်ကောင်းနေရင်တော့ ကောင်းစရာ ရှိရင် အရမ်းကောင်းပြီး ညံ့စရာရှိရင် သိပ်ဆိုးဆိုးဝါးဝါး မကြုံတော့ဘူးပေါ့။ နှစ်တနှစ်လုံးရဲ့ ကံဇာတာ အကောင်းအညံ့ကတော့ မွေးသက္ကရာဇ် အစုံ (ရက်/လ/နှစ်/နေ့) ပေးပြီး တွက်မှ ရတာပါ။ ဒါလေးကို သတိပြုပါ။ ခုဟာကတော့ ယေဘူယျပေါ့။

ဖတ်ရှုသူအားလုံး ကျန်းမာချမ်းသာကြပါစေသော်။
.

ဒေါက်တာတင်ဗိုလ်ဗိုလ် (ကွန်ပျူဗေဒသုခုမ)

ဗေဒင်ဝါသနာအိုး Page မှာ Like လုပ်ထားခြင်းဖြင့် ဗေဒင်အခမဲ့ ဖတ်နိုင်ပါပြီ
https://www.facebook.com/baydinwartanaroh