၂ဝ၁၄ နှင့် ဖောက်ပြန်သည့် သောကြာဂြိုဟ်၏ အကျိုးဆက် (အချစ်ရေး)



သောကြာဂြိုဟ်သည် အချစ်ဂြိုဟ်၊ ကာမဂုဏ် ၅ ပါးကို အစိုးရသောဂြိုဟ်၊ အနုပညာဂြိုဟ်၊ ငြိမ်းချမ်းရေးဂြိုဟ် ဖြစ်သည်။ ၂ဝ၁၃ ခုနှစ်၊ အောက် တိုဘာလ ၃၁ ရက်၊ ကြာသပတေးနေ့ မြန်မာစံတော်ချိန် နံနက် ၁ နာရီ၊ ၁၅ မိနစ်၊ ၄၈ စက္ကန့်တွင် ဓနုရာသီသို့ သောကြာ ဂြိုဟ် ပြောင်းရွှေ့ရောက်ရှိခဲ့ပြီး ၂ဝ၁၄ ခုနှစ်၊ ဖေဖော်ဝါရီလ ၂၈ ရက်၊ သောကြာနေ့ ညနေ ၅ နာရီ၊ ၃၇ မိနစ်၊ ၅၈ စက္ကန့်တွင်မှ မရဏ ရာ သီသို့ ပြောင်းရွှေ့လိမ့်မည်။ တစ်ရာသီတွင် ၂၈ ရက် ခန့်သာ နေရမည့်အစား ၄ လတိတိ နေသောကြောင့် အသွားနှုန်း အကြီး အကျယ် ဖောက်ပြန်ကြောင်း ထင်ရှားသိသာပေသည်။ ဤတွင် သောကြာဂြိုဟ် သွားနှုန်း ဖောက်ပြန်ပုံ သဘောတရားကို ရေးသား ရန် မရည်ရွယ်ချေ။ ဓနုရာသီမှာ သောကြာဂြိုဟ် ရပ် တည်မှု ဖြစ်စဉ်အရ အကျိုးဆက် ကို ၂ဝ၁၃ ခုနှစ်အတွင်း အောက် တိုဘာလ ၃၁ ရက်မှ ဒီဇင်ဘာလ ၃၁ အတွင်း ကြုံတွေ့ရဖွယ်ရှိပြီး ၂ဝ၁၄ ခုနှစ်အတွင်း ဇန်နဝါရီလ ၁ ရက်မှ ဖေဖော်ဝါရီလ ၂၈ ရက် အတွင်း ကြုံတွေ့ရဖွယ်ရှိသည်။ ဓနုရာသီတွင်ဖောက်ပြန်သည့် သောကြာဂြိုဟ်၏အကျိုးဆက်များကို မွေးလနှင့်မွေးရက်အလိုက် အောက်ပါ အတိုင်း ရေးသားဖော်ပြအပ်ပါသည်။

ဧပြီ ၁၃ မှ မေ ၁၃ အတွင်းမွေးသူ

ခရီးဝေး သို့မဟုတ် နိုင်ငံခြားခရီးကိစ္စ အဆင်ပြေမည်။ ခရီးသွားရင်း စုတ်၊ လာဘ်ဝင်ဖွယ် ရှိသည်။ ခရီးသွားရင်း၊ ကျောင်း ကန်ဘုရား သွားရင်း၊ ကုသိုလ် ကောင်းမှုပြုရင်း ချစ်သူတွေ့မည်။ သောကြာနေ့နှင့် အရှေ့တောင် အရပ်ခရီး ကောင်း၏။



မေ ၁၄ မှ ဇွန် ၁၃ အတွင်းမွေးသူ

အချစ်ရေးမှာ အလွဲလွဲအချော်ချော် ဖြစ်ရလိမ့်မည်။ အချစ်ရေး၊ အိမ်ထောင်ရေး၊ အပူ သောက များမည်။ ကျန်းမာရေး အညံ့ကြုံ မည့်ကာလဖြစ်သည်။ သောကြာသားသမီးဖြစ်ပါက ကျန်းမာရေး ပိုမိုဂရုစိုက်သင့်။ အရှေ့တောင် အရပ်နှင့် သောကြာနေ့ ခရီးရှောင်။



ဇွန် ၁၄ မှ ဇူလိုင် ၁၅ အတွင်းမွေးသူ

အပျို၊ လူပျိုဖြစ်ပါက အိမ်ထောင်ကျကိန်း ရှိသည်။ အိမ် ထောင်ရှိသူများလည်း အချစ်ရေးမှာ အလွန်စန်းထနေသောကြောင့် မရှောင် နိုင်ပါက အချစ်သစ်၊ အိမ် ထောင်သစ် ဖန်တီးလာနိုင်သည်။ အိမ်ထောင်ရေး ဖောက်ပြန်တတ်သည်။



ဇူလိုင် ၁၆ မှ သြဂုတ် ၁၆ အတွင်းမွေးသူ

သောကြာနံ သက်ရှိ သက်မဲ့၊ ကျောက်မျက်ရတနာ၊ အဝတ်အထည်၊ အိမ်၊ မြေ၊ ယာဉ်၊ အမွေ၊ မိတ်ဆွေ၊ လာဘ်လာဘ၊ အမြတ် အစွန်း၊ အလိုဆန္ဒအတွက် စိတ်သောက ရောက်မည်။ အခက် အခဲတွေ့မည်။ အချစ်ရေး အဆင်မပြေ။ ရည်းစားလုဘက် ပေါ် မည်။ အချစ်ရေးတွင် ဘေးရန်မကင်း တတ်ချေ။



သြဂုတ် ၁၇ မှ စက်တင်ဘာ ၁၆ အတွင်းမွေးသူ

ပညာရေး၊ အချစ်ရေး၊သားသမီးရေး၊အလုပ်အကြံအစည်၊ သားချင်း ဆွေမျိုး စသည့် အရေး ကိစ္စများနှင့် ပတ်သက်သော ကောင်းကျိုး ရလဒ်များ ဖြစ်ပေါ် လာဖွယ် ရှိသည်။ အမျိုးသမီး ဖြစ် ပါက ကိုယ်ဝန်ဆောင်ရတတ် သည်။ မျက်နှာစန်း အလွန်ပွင့်မည်။



စက်တင်ဘာ ၁၇ မှ အောက်တိုဘာ ၁၆ အတွင်းမွေးသူ

အိမ်၊ မြေ၊ ယာဉ် ဝင်မည် သို့မဟုတ် ၄င်းတို့နှင့် ပတ်သက်သောကိစ္စ အဆင်ပြေမည်။ မိတ်ဆွေကောင်း တွေ့မည်။ မိတ် ဆွေအကျိုး ခံစားရမည်။ အမွေရ တတ်သည်။ သို့မဟုတ် ငွေအစုလိုက် အပုံလိုက် ဝင်တတ်၊ ထီပေါက်တတ်သည်။ အိမ်တွင်းရေး သာယာ အေးချမ်းမည်။



အောက်တိုဘာ ၁၇ မှ နိုဝင်ဘာ ၁၅ အတွင်းမွေးသူ

ပျော်ရွှင်ဖွယ် ခရီးသွားရ တတ်သည်။ သားချင်း၊ ဆွေမျိုးတို့နှင့် တွေ့ဆုံရတတ်သည်။ ချစ်သူ နှင့် ခရီးအတူသွားရတတ်သည်။ သို့မ ဟုတ် ခရီးသွားရင်း ချစ်သူတွေ့မည်။ အိမ်နားနီးချင်းနှင့် ဖြစ် စေ၊ နီးစပ်သူ ရပ်ဆွေရပ်မျိုးနှင့် ဖြစ်စေချစ်သူဖြစ်ရတတ်သည်။



ဒီဇင်ဘာ ၁၅ မှ ဇန်နဝါရီ ၁၂ အတွင်းမွေးသူ

ကာမဂုဏ် ၅ ပါးနှင့် တကွ စည်းစိမ်ချမ်းသာများ ရရှိလိမ့်မည်။ အချစ်ရေး၊ အိမ်ထောင်ရေးကောင်းမည်။ စုတ်ကြီးလာဘ်ကြီးအထူး ဝင်မည်။ မျက်နှာစန်း အလွန်ပွင့်မည်။ အိမ်ထောင် ကျ တတ်သည်။ ဝင်ငွေကောင်းမည်။ အကျိုးအမြတ် ရမည်။



ဇန်နဝါရီ ၁၃ မှ ဖေဖော်ဝါရီ ၁၁ အတွင်းမွေးသူ

သောကြာနံ သက်ရှိ သက်မဲ့ ထွက်တတ်သည်။ သို့မဟုတ် အချစ်ရေး၊ အိမ်ထောင်ရေး၊ အလုပ်အကြံအစည်၊ ပညာရေး၊ သားသမီး ရေး၊ သောကြာနံ သက်ရှိသက်မဲ့အတွက် အကုန်အကျ အဆုံးအရှုံး ရှိတတ်သည်။ သို့မဟုတ် အဆိုပါ အရေးကိစ္စများနှင့် ပတ် သက်၍ မကောင်းကျိုး ဖြစ်ပေါ် မည်။



ဖေဖော်ဝါရီ ၁၂ မှ မတ် ၁၃ အတွင်းမွေးသူ

သောကြာနံ သက်ရှိသက်မဲ့ အဝတ်အထည်၊ အလှကုန်၊ လက်ဝတ်ရတနာ၊ ကျောက်မျက်ရတနာ၊ ဇိမ်ခံပစ္စည်း၊ အနုပညာဆိုင် ရာပစ္စည်း စသည်တို့ထွက်တတ်သည်။ သို့မဟုတ် အဆိုပါပစ္စည်း များနှင့်ပတ်သက်၍ အကျိုးအမြတ် ရမည်။ အိမ်၊ မြေ၊ ယာဉ် ဝင် တတ်၊ အကျိုးပေးကောင်းတတ်၊ အမွေရ တတ်သည်။ အလိုဆန္ဒ၊ ရည်မှန်းချက် ပြည့်ဝမည်။



မတ် ၁၄ မှ ဧပြီ ၁၂ အတွင်းမွေးသူ

အလုပ်အကြံအစည်များ အထူးသဖြင့် သောကြာနံ သက်ရှိ သက်မဲ့နှင့် သက်ဆိုင်သော လုပ်ငန်း၊ အကြံအစည်များ တိုးတက် အောင်မြင်မည်။ အမျိုးသမီး သို့မ ဟုတ် သောကြာသားသမီး၊ အ ထက်လူကြီး၊ အဘ စသည်တို့၏ အကျိုးခံစားရမည်။ သောကြာ နေ့ တွင် အလုပ်အကြံအစည်ပြုပါ။

မောင်မောင်မြင့်သန်းမောင်