အောက်တိုဘာလအတွက် ဆရာဒေါက်တာတင်ဗိုလ်ဗိုလ် ရဲ့ သင်္ချာဗေဒ ဟောကိန်းများ

(1)ရက်နေ့ဖွားများ - (ညံ့) လုပ်သမျှကိုင်သမျှ အစစအရာရာ ခက်ခဲနှေးကွေးနေမည်။ တန်ဖိုးထားသော အရာတစ်ခုခု ဆုံးရှုံးမည်။ အမြင့်မှ လိမ့်ကျတတ်သည်။ မီး၊ လျှပ်စစ် ၊ သူခိုး ၊ ခါးပိုက်နှိုက်ရန်များ သတိထားရမည်။ မကောင်းတာ တစ်ခုခု ရုတ်တရက်ကြုံတတ်သည်။

(2)ရက်နေ့ဖွားများ - (ညံ့/ကောင်း) ရန်အတိုက်အခိုက်ရှိသည်။ ဘေးဥပဒ် ရှိသည်။ သို့သော် အခက်အခဲ၊ အပြိုင်အဆိုင်များကို ကျော်လွန်အောင်မြင်မည်။ နာမည်ကြီးမည်။ စုတ်လာဘ် ၀င်မည်။ အချစ်ရေးကံကောင်းမည်။

(3)ရက်နေ့ဖွားများ - (ကောင်း/ညံ့) အပြောင်းအလဲ တစ်ခုခု ရှိမည်။ မကောင်းသော ပြောင်းလဲခြင်း ဖြစ်တတ်သည်။ မရိုးသားသူ ၊ လှည့်ဖျားတတ်သူများနှင့် ကြုံရဖွယ် ရှိသည်။ ထိခိုက်ရှနာတတ်သည်။ မိမိ ဒုက္ခရောက်အောင် ကြံစည်သူ ၊ ဂျောက်တွန်းသူ ရှိသည်။

(4)ရက်နေ့ဖွားများ - (ကောင်း) အင်အားကြီးသူကို ပရိယာယ်ဖြင့် အနိုင်ယူနိုင်မည်။ မိန်းမများ လင်/ရည်းစား အပေါ် နိုင်ကွက်တွေ့တတ်သည်။ လုပ်သမျှ အောင်မြင်နေမည်။ လူချစ်လူခင်များမည်။ နာမည်ကျော်ကြား ဂုဏ်သတင်းမွှေးပျံ့တတ်သည်။

(5)ရက်နေ့ဖွားများ - (ညံ့/သင့်) လုပ်သမျှ အလုပ်အားလုံး တို့လို့တန်းလန်း ဖြစ်မည်။ ရှေ့မတိုး နောက်မဆုတ်သာ ကျဉ်းထဲကျပ်ထဲ ရောက်မည်။ တရားအားထုတ်လိုမည်။ မိမိ ယခင်လများက ပြုလုပ်ခဲ့သော ကောင်းကျိုး/ဆိုးကျိုးကို ခံစားရမည်။

(6)ရက်နေ့ဖွားများ - (ကောင်း) နာရေးကိစ္စကြုံမည်။ မိမိနှင့် နီးစပ်သူထဲမှ ဖြစ်မည်။ အပြောင်းအလဲ တစ်ခုခု ရှိနိုင်သည်။ ရာထူးတက်ခြင်း ၊ လုပ်ငန်းများ တိုးချဲ့ရခြင်း ၊ အလှူဒါနပြုရခြင်းများ ရှိမည်။ ကံကောင်းမှုများသော လ, ဖြစ်နိုင်သည်။

(7)ရက်နေ့ဖွားများ - (ကောင်း/ညံ့) အပေးအယူ ၊ အလွှဲအပြောင်းကိစ္စများ ၊ စပ်တူလုပ်ငန်းများမှ အကျိုးခံစားခွင့်ရမည်။ အာရုံကြော အားနည်းသော ဝေဒနာဖြစ်မည်။ အပျော်အပါးများလွန်းလျှင် ဒုက္ခရောက်မည်။ ငွေ ၊ အထုပ်အထည် ၀င်မည်။ ငွေကြောင့် လူပျက်စီးတတ်သော လ, ဖြစ်သည်။

(8)ရက်နေ့ဖွားများ - (ညံ့/ကောင်း) ကျန်းမာရေးခြူချာမည်။ အိမ်တွင်းရေး ပြဿနာ များမည်။ သို့သော် ကြံတိုင်းအောင် ဆောင်တိုင်းမြောက်မည်။ ပြင်ပ လူမှုဆက်ဆံရေးအောင်မြင်မည်။ ဥာဏ်ကို လွှာသုံးခြင်းဖြင့် အောင်မြင်မည်။ မိမိကိုယ်ကို ယုံကြည်မှု များသောလ, ဖြစ်မည်။

(9)ရက်နေ့ဖွားများ - (ညံ့/ကောင်း) အဆုံးအရှုံးတစ်ခုခု ရှိနိုင်သည်။ လူလိမ် ၊ သူခိုး ၊ ခါးပိုက်နှိုင် သတိပြု။ ခြေခေါက် လဲကျတတ်သည်။ စုတ်အားကောင်းမည်။ ဆန့်ကျင်ဘက် လိင်များ စိတ်ဝင်စားမှု ခံရမည်။ လုပ်သမျှ အဆင်ပြေချောမွေ့နေမည်။ အောင်မြင်မှုများသော လ, ဖြစ်မည်။

(10)ရက်နေ့ဖွားများ - (ကောင်း) ဆရာတစ်ဆူအဖြစ် အသိမှတ်ပြု ခံရမည့် ကာလဖြစ်သည်။ မိမိအသိုင်းအ၀ိုင်းကြားတွင် ဆရာကြီးဖြစ်မည်။ အချစ်ရေးကံကောင်းမည်။ စုတ်အားများနေမည်။ နာမည်ဂုဏ်သတင်း ထွက်မည်။ ခရီးတိုခရီးရှည်များ
သွားလာရတတ်သည်။

(11)ရက်ဖွားများ - (ညံ့) မလိုမုန်းထားဖြင့် လုပ်ကြံတိုက်ခိုက်မှုများ ကြုံရမည်။ ရန်သူမျိုးငါးပါး ဘေးဥပဒ်ရှိသည်။ အလိုလိုနေရင်း စိတ်ရှုပ်ထွေးနေမည်။ အပူသောကများမည်။ ကျန်းမာရေး ခြူချာနေမည်။

(12)ရက်ဖွားများ - (ကောင်း) လုပ်သမျှကိုင်သမျှ အောင်မြင်ပြီး ချီးကြူးထောပနာပြု ခံရမည်။ လူချစ်လူခင်များမည်။ မိမိနှင့် လုပ်ငန်းပြိုင်ဖက်များအပေါ် အနိုင်ယူ အောင်မြင်မည်။ အတိုက်အခံဖြင့် အောင်မြင်မည်။ နာမည်ဂုဏ်သတင်း ကျော်စောမည်။

(13)ရက်ဖွားများ - (ညံ့) မိမိပြုခဲ့သမျှ ကုသိုလ် /အကုသိုလ် အကျိုးပေးမည့် လ, ဖြစ်သည်။ နာရေးကိစ္စ ကြုံတွေ့ရမည်။ စိတ်ညစ် စိတ်လေးလံမှု များမည်။ ကျန်းမာရေး ခြူချာနေမည်။ ကံနိမ့်နေ၍ မကောင်းတာမှန်သမျှ ဖြစ်နိုင်သည်ချည်း ဖြစ်နေမည်။ ဘာသာတရားများများလုပ်ပေးပါ။

(14)ရက်ဖွားများ - (ကောင်း/ညံ့) ပညာရေး တိုးတက်အောင်မြင်မည်။ အတတ်ပညာသစ် ဆည်းပူးရမည်။ အလှူဒါန ကြီးကြီးမားမား ပြုရမည်။ အလုပ်ရာထူး တိုးတက်ကောင်းမွန်မည်။ သို့သော် အချစ်ရေးကံမကောင်း။ အချစ်ရေး အိမ်ထောင်ရေးညံ့သည်။ ကလိန်ကကျစ်လူများနှင့် တွေ့မည်။

(15)ရက်ဖွားများ - (ညံ့) ဆုံးဖြတ်ချက်များ မှားယွင်းတတ်သည်။ အပျော်ကြူးခြင်းကြောင့် ဒုက္ခတွေ့တတ်သည်။ အလုပ်အားလုံး တို့လို့တန်းလန်းဖြစ်နေတတ်သည်။ ရည်မှန်းချက်များ ၊ စီမံကိန်းများ တစ်စစီ ပြန့်ကျဲနေတတ်သည်။

(16)ရက်ဖွားများ - (ကောင်း/ညံ့) ပညာရေး ၊ လူမှုဆက်ဆံရေး အောင်မြင်မည်။ စိတ်ကူးကောင်း အကြံကောင်းများကြောင့် တိုးတက်အောင်မြင်မည်။ သို့သော် အချို့သော အစိတ်အပိုင်းများတွင် တိုးတက်မှု နှေးကွေးနေ တတ်သည်။ စိတ်ရှိသလောက် တိုးတက်အောင် လုပ်မရ ဖြစ်နေတတ်သည်။

(17)ရက်ဖွားများ - (ကောင်း) စုတ်လာဘ် ပွင့်နေမည်။ အခွင့်အလမ်းကောင်းများ ရရှိမည်။ အလျှင်အမြန် တိုးတက်အောင်မြင်မည်။ ကြံတိုင်းအောင် ဆောင်တိုင်းမြောက်မည့် လ, ဖြစ်နိုင်သည်။

(18)ရက်ဖွားများ - (ကောင်း) ခရီး ၊ နိုင်ငံရပ်ခြားနှင့် ပတ်သက်ပြီး ကံကောင်းမှုများ ရှိမည်။ အချစ်ရေးကံ ကောင်းနေမည်။ လုပ်ငန်းများ တိုးတက်ချဲ့ထွင်ရမည်။ သို့သော် မနိုင်ဝန် ထမ်းမိတတ်သည်ကို သတိပြုပါ။ မိမိနှင့် မနိုင်သည့် ဝန်ကို ထမ်းမိလျှင် ကံကောင်းသည့်လ မဟုတ်ဘဲဖြစ်သွားတတ်သည်။

(19)ရက်ဖွားများ - (ညံ့) ကံဇာတာ အလွန်ညံ့နိုင်သည့် လ, ဖြစ်သည်။ မိမိလုပ်သမျှ အရာမထင် ဖြစ်နေမည်။ စိတ်သောက များရမည်။ စိတ်ဖိအားများမည်။ မိမိ ရည်မှန်းချက်များ တစ်စစီ ပြိုကွဲနေမည်။ အလုပ်အကိုင်များ စုစည်းမရဖြစ်နေတတ်သည်။ ဘာသာတရားများများ လုပ်ပါ။

(20)ရက်ဖွားများ - (ကောင်း/ညံ့) ရန်အတိုက်အခံများကို အောင်မြင်မည်။ ပြတ်သားစွာ လုပ်ကိုင်ဆောင်ရွက်မှုများကြောင့် နာမည်ဂုဏ်သတင်း မွှေးပျံ့မည်။ သို့သော် ကျန်းမာရေး နှင့် ထိခိုက်ရှနာမှုများ သတိထားပါ။ စိတ်ထိခိုက်စရာ ကိစ္စများ ကြုံရတတ်သည်။

(21)ရက်ဖွားများ - (ညံ့/ကောင်း) စိတ်သောက ၊ စိတ်ဖိစီးမှုများ များပြားနေမည်။ အိမ်တွင်းရေး စိတ်မအေးစရာဖြစ်နေမည်။ သို့သော် ပြင်ပလောက နှင့် စီးပွားရေးနယ်ပယ်တွင် အောင်မြင်မည်။ အတိုက်အခံ နှင့် ပြိုင်ဖက်များအပေါ်တွင် အနိုင်ယူနိုင်မည်။

(22)ရက်ဖွားများ - (ညံ့/သင့်) မိမိယုံကြည်ရသူက သစ္စာမဲ့သော လုပ်ရပ်ကို တွေ့ကြုံရဖွယ် ရှိသည်။ အရေးကြီးသော လျှို့ဝှက်ချက်များ ပေါက်ကြားတတ်သည်။ ကံကို အားမကိုး၍ မရဘဲ ဥာဏ် ၊ ၀ီရိယကိုသာ အားကိုးရမည့် လဖြစ်သည်။ ကံဇာတာ မကောင်းနိုင်သေးပါ။

(23)ရက်ဖွားများ - (သင့်/ညံ့) ရည်ရွယ်ချက် စီမံကိန်းများကို အကောင်အထည်ဖော်ရာတွင် ပျင်းရိခြင်း၊ အပျက်စိတ် များခြင်းတို့ကြောင့် တစ်ပိုင်းတစ်စ ရပ်တန့်နေတတ်သည်။ သမ္မာအာဇီဝမကျသူများ အမှုအခင်း ကြုံတတ်သည်။ ခိုက်ရန်ဖြစ်ပွားမှု သတိပြုပါ။ ပြဿနာ၊ အရှုပ်အထွေး တစ်ခုမဟုတ် တစ်ခု ကြုံရတတ်သည်။

(24)ရက်ဖွားများ - (ညံ့/ကောင်း) အလုပ်အကိုင်များ ခက်ခဲ နှေးကွေးနေတတ်သည်။ စိတ်ရှိသလောက် လုပ်မရ ဖြစ်နေတတ်သည်။ သို့သော် နောက်ဆုံးတွင် မိမိကံဇာတာ တိုးတက်မြင့်မားပြီး စုတ်ကြီးလာဘ်ကြီး ၀င်တတ်သည်။ ကံမကောင်းသည်ဟု ထင်ရသော်လည်း နောက်ဆုံးတွင် ကံကောင်းသွားတတ်သော လ, ဖြစ်သည်။

(25)ရက်ဖွားများ - (ကောင်း/ညံ့) မိမိ၏ ဥာဏ်ရည်ဥာဏ်စွမ်းဖြင့် တိုးတက်အောင်မြင်မှုကို ရယူနိုင်မည့် လ, ဖြစ်သည်။ လူမှုရေးနယ်ပယ်များတွင် အောင်မြင်ကျော်ကြားမည်။ မိမိရည်မှန်းချက်များ ပြည့်ဝမည်။ သို့သော် ရုတ်တရက် ကျန်းမာရေး ညံ့သွားတတ်သည်။ နဂို ရောဂါဟောင်း အခံရှိသူများ သတိထားပါ။

(26)ရက်ဖွားများ - (ညံ့) အလုပ်များကို မတန်တဆ တာဝန်ယူ လုပ်ဆောင်မိသဖြင့် ၀န်ပိပြီး မရှုနိုင်မကယ်နိုင် ဖြစ်တတ်သော လ, ဖြစ်သည်ကို သတိပြုပါ။ မိမိနိုင်သည့် ၀န်ကိုသာ ထမ်းပါ။ လောဘမကြီးပါနှင့်။ ငွေကြေးကိစ္စ မနိုင်မနင်း ဖြစ်သွားတတ်သည်။ မိတ်ဆွေများနှင့် ဆက်ဆံရေး ပျက်ပြားတတ်သည်။

(27)ရက်ဖွားများ - (ကောင်း) အခက်အခဲများ၊ ပြဿနာများ ကြုံတွေ့နေရာမှ ကံကြမ္မာ အပြောင်းအလဲဖြစ်ပြီး အောင်မြင်မှု ရရှိသွားတတ်သော လ, မျိုးဖြစ်သည်။ ကံချည်း အားကိုးမနေဘဲ ဥာဏ် ၊ ၀ီရိယ စိုက်ထုတ်သူများ ပိုမိုအောင်မြင်မည်။ ကြံတိုင်းအောင် ဆောင်တိုင်းမြောက်မည်။

(28)ရက်ဖွားများ - (ညံ့) အလွန် ကြမ်းတမ်းခက်ခဲသော လ, တစ်လဖြစ်ဖွယ် ရှိသည်။ မိမိလုပ်ငန်းများ တစ်စစီ ဖြစ်သွားတတ်သည်။ လုပ်သမျှ ကိုင်သမျှ မအောင်မြင်ဘဲ ဆုတ်ယုတ်နေမည်။ လက်ရှိအလုပ်ကိုင်မှ ပြုတ်ခြင်း၊ ပြောင်းရခြင်းများ ဖြစ်တတ်သည်။ အလောင်းအစားကြောင့် ငွေကြေးများစွာ ဆုံးရှုံးကိန်း ရှိသည်ကို သတိပြုပါလေ။

(29)ရက်ဖွားများ - (ကောင်း/ညံ့) အတိုက်အခံ ရန်များကို အောင်နိုင်မည်။ နာမည် ဂုဏ်သတင်း ကျော်ကြားမည်။ အလုပ်ရာထူး/စီးပွားတိုးတက်မည်။ သို့သော် ကျန်းမာရေး ညံ့သွားတတ်သည်။ မတော်တဆ ထိခိုက်ရှနာမှု သတိပြုပါလေ။ သမ္မာအာဇီဝမကျသော စီးပွားရေး လုပ်ငန်းလုပ်သူများ လက်ထိပ်ကြိုးချည်ကိန်း ရှိသည်။

(30)ရက်ဖွားများ - (ကောင်း) အလွန်ကံဇာတာ တိုးတက်မြင့်မားမည့် လ, တစ်လ ဖြစ်ဖွယ် ရှိသည်။ ဥာဏ် ၊ ၀ီရိယ စိုက်ထုတ်မှု များသူများ ပိုမိုအောင်မြင်မည်။ ကြံတိုင်းအောင် ဆောင်တိုင်းမြောက်မည်။ ထီပေါက်ခြင်း ၊ ငွေစုငွေပုံ ၀င်ခြင်းများ ၊ ရာထူးတန်ခိုးသြဇာတက်ခြင်းများ ရှိမည်။ ကံကောင်းသော လ, ဖြစ်မည်။

(31)ရက်ဖွားများ - (ညံ့) ကံဇာတာ နိမ့်နေမည်။ အမှုအခင်း ပေါက်ပေါက်ရှာရှာ ဖြစ်တတ်သည်။ အချို့ ရုံးရောက် ဂတ်ရောက် ရောက်တတ်သည်။ မကောင်းသော အပြောင်းအလဲ တစ်ခုခု ကြုံရတတ်သည်။ ကျန်းမာရေး ညံ့သွားတတ်သည်။ ရန်ဖြစ်ခြင်း ၊ စကားများခြင်း စသော အသေးအဖွဲများမှ ဧရာမ အမှုအခင်းကြီးများအဖြစ်သို့ ရောက်သွားတတ်ခြင်းကြောင့် ယခုလတွင် ရန်မများအောင် ရှောင်ပါလေ။
.
ကျန်းမာပကတိ ချမ်းသာစွာ ရှိကြပါစေသော်။
.
ဒေါက်တာတင်ဗိုလ်ဗိုလ် (ကွန်ပျူဗေဒ သုခုမ)

ဗေဒင်ဝါသနာအိုး Page မှာ Like လုပ်ထားခြင်းဖြင့် ဗေဒင်အခမဲ့ ဖတ်နိုင်ပါပြီ
https://www.facebook.com/baydinwartanaroh