♥ငါအိုသွားသောအခါ

♥ငါအိုသွားသောအခါ

ငါဟာအရင်က ငါမဟုတ်တော့ဘူး။ ငါကိုနားလည်ပေးပါ။ စိတ်ရှည်ရှည်ထားဆက်ဆံပေးပါ။

♥ချည့်နဲ့ နဲ့ လက်တွေနဲ့ ထမင်းဟင်းတွေအင်္ကျီပေါ် ဖိတ်စင်သွားတဲ့အခါ၊ အင်္ကျီ လုံခြည်တွေ ဖိုသီဖတ်သီ ဖြစ်နေတဲ့အခါ ငါ့ကိုမရွံ့ ပါနဲ့ ၊ ငယ်ငယ်တုန်းက ငါသုတ်သင်ပေးခဲ့တာတွေကို အမှတ်ရပေးပါ။

♥အပ်ကြောင်းထပ်မက ပြောခဲ့ဘူးတဲ့ စကားတွေကိုပြန်ပြောမိတဲ့အခါတိုင်းလဲ စကားမဖြတ်ဘဲ ကျေးဇူးပြု၍သတိရပေးပါ၊
ငယ်ငယ်တုန်းက အိပ်ရာဝင်တိုင်း တစ်ထောင့်တစ်ည ပုံပြင်တွေ၊ ဇာတ်ကြီးဆယ်ဘွဲ့ တွေ၊ နိပါတ်တွေ ကိုမရိုးနိုင်အောင်ပြောပီး ချော့သိပ်ခဲ့တာတွေကို သတိရပေးပါ။

♥မလှုပ်ရှားနိုင်လို့ ရေမချိုးနိုင်တဲ့ အခါ ငါ့ကိုမငြိုငြင်ပါနဲ့ ၊ ငယ်ငယ်တုန်းက ချော့တစ်လှည့် ခြောက်တစ်ခါ ရေချိုးပေးခဲ့ဘူးတဲ့ ပုံရိပ်လေးတွေကို ပြန်မြင်ယောင်ကြည့်ပေးပါ။

♥ခေတ်သစ်နည်းပညာသစ်တွေကို မသိနားမလည်ခဲ့ရင် မလှောင်ပါနဲ့ ၊ ငယ်ငယ်တုန်းက ဘာကြောင့်ဆိုတဲ့ မေးခွန်းတိုင်းကို စိတ်ရှည်စွာ ပြန်ဖြေပေးခဲ့တာတွေကို အမှတ်ရပေးပါ။

♥စိတ်သွားတိုင်းကိုယ်မပါ နွမ်းလျပီး လမ်းမလျှောက်နိုင်တဲ့ အခါ သားတို့ သမီးတို့ ရဲ့  ခွန်အားပါတဲ့ လက်တစ်စုံနဲ့  ကူတွဲပေးကြပါ၊ သားတို့ သမီးတို့ လမ်းလျှောက်တတ်စ အရွယ်တုန်းက ဘေးကနေလိုက်ပြီး လမ်းလျှောက်သင်ပေးခဲ့ပုံလေးတွေကို ပြန်လည်အမှတ်ရပေးပါ။

♥တစ်နေ့ တစ်နေ့ အိုစာသွားတဲ့ ငါ့ကိုကြည့်ပြီး ၀မ်းမနည်းပါနဲ့ ၊ နားလည်ပေးပါ။ အရင်တုန်းက လူ့ ဘ၀တတ်လမ်းအတွက် ငါလမ်းညွန်ခဲ့သလို ခုချိန်မှာ ငါ့အတွက် ဘေးနားကနေပြီးတော့ သားတို့ ရဲ့ မေတ္တာတွေနဲ့ အဖော်ပြုပေးပါ။

♥ချစ်ခြင်းမေတ္တာနဲ့ အေးမြမူ့ တွေကို ငါပြုံးပြုံးလေးလက်ခံနေမှာပါ၊ အဲ့ဒီအပြုံးတွေထဲမှာ မဆုံးနိုင်တဲ့ ငါ့မေတ္တာတွေ ပါဝင်နေမှာပါ သားတို့  သမီးတို့ ရယ်။

(ဆရာကြီး မင်းသိင်္ခ)