ဗေဒင်ဝါသနာအိုး မှ ( ၇ ) ရက်သားသမီးများအတွက် လက်ထောက်ဗေဒင် ဟောကိန်း ( ၁ဝ-၁ဝ-၂ဝ၁၃ မှ ၁၆-၁ဝ-၂ဝ၁၃ အတွင်း )


၁ကို ထောက်မိလျှင်

တနင်္ဂနွေနံ၊ လူ၊ ကုန် ပစ္စည်း၊ အဘ၊ အလုပ်အကြံအ စည်အတွက် အကုန်အကျများ မည်။ အိမ်၊ ဆိုင်ခန်း၊ မြေ၊ ယာဉ်၊ အမွေ ကိစ္စ၊ ဘေးရန်၊ မှုခင်းပြဿနာ ကြုံတတ်သည်။ အလုပ်အကြံ အစည်နှင့် ပတ်သက်သော ပြဿနာဖြစ်တတ်သည်။ အချစ်ရေး ဂရုစိုက်။ အိမ်ထောင်ရေး မကောင်း။ ခရီးတို၊ ခရီးဝေး၊ နိုင်ငံခြားခရီး သွားရကိန်းရှိသည်။ သို့မဟုတ် ကုသိုလ် ကောင်းမှု ပြုရတတ်သည်။ ကျန်း မာရေး ဂရုစိုက်ပါ။

၂ကို ထောက်မိလျှင်

အင်္ဂါနံနှင့်ရွှေဝင်တတ်သည်။သောကြာနေ့နံ သားသမီးနှင့်စီးပွားမဖက်သင့်။ အိမ်၊ ဆိုင်ခန်း၊မြေ၊ယာဉ်၊ အမွေကိစ္စ အကျိုးပေးကောင်း မည်။ အလုပ်အကြံ အစည်များ နှောင့်နှေးခြင်း၊အနှောင့် အယှက်ကြုံခြင်း ရှိမည်။ဘေးရန်ကြားမှ အချစ်ရေး ဖန်တီးလာမည်။ အိမ်ထောင်ဖက်နှင့် ခွဲခွာ၊ ကွဲကွာနေရတတ်သည်။ သို့သော်အိမ်ထောင်ရေးသောကရောက်မည်။ သားသမီးရေးကောင်း၏။ ခရီးတို၊ ခရီးဝေး၊ နိုင်ငံခြားခရီး အဆင်ပြေမည်။ သို့မဟုတ် ဘာသာရေး၊ သာသနာရေး ကိစ္စ ဆောင်ရွက်ရမည်။ ကျန်းမာရေး ဂရုစိုက်သင့်။


၃ ကို ထောက်မိလျှင်

ထီပေါက်ကိန်းရှိသည်။ ထီပေါက်သလိုငွေဝင်မည်။ ဝတ်ကောင်းစားကောင်း ရမည်။ အိမ်၊ ဆိုင်ခန်း၊ မြေ၊ ယာဉ်၊ အမွေကိစ္စ၊ ဘေးရန်၊ မှုခင်းပြဿနာ ဖြစ်တတ် သည်။ အလုပ်နှင့် ပတ်သက်သော လျှို့ဝှက်ရန်သူ ရှိမည်။ ချောက် တွန်းခံရတတ်။ သို့သော် လုပ်ငန်း ကိစ္စ အောင်မြင်မည်။ အချစ်ရေးအတွက် ပူပင်သောကရောက်မည်။ အိမ်ထောင် ရေး၊ အိမ်တွင်းရေး မအေးချမ်း။ သားသမီးအတွက် ပူပင်ရတတ် သည်။ ခရီးတို နှောင့်နှေးမည်။ ခရီး ဝေး၊ နိုင်ငံခြားခရီး အခက်အခဲ တွေ့မည်။ ရောဂါ၊ ဥပဒ်ဘေး ဂရု စိုက်ပါ။


၎ ကို ထောက်မိလျှင်

ငွေ၊ ဥစ္စာ၊ စီးပွားရေးကိစ္စ ပျက်ပြားမည်။ စိတ်ဆင်းရဲရမည်။ အကုန်အကျ များမည်။ သူခိုး၊ လူလိမ် သတိပြု။ အိမ်၊ ဆိုင်ခန်း၊ မြေ၊ ယာဉ်၊ အမွေကိစ္စ ကောင်းသင့်သ လောက်မကောင်းနိုင်သေး။ အလုပ်နှင့်ပတ်သက်သော အလိုဆန္ဒပြည့်မည်။ အချစ်ရေးတွင် ရှုံးနိမ့်ခြင်း၊ ပျက်ခြင်း၊ စိတ်ဆင်းရဲရခြင်း ကြုံမည်။ အိမ်ထောင်ရေး ကောင်း မည်။ သားသမီးရေး မကောင်း။ သားသမီး ကျန်းမာရေး ဂရုစိုက်။ ခရီးတို၊ ခရီးဝေး၊ နိုင်ငံခြား နှောင့်နှေးမည်။ ခြေလေးချောင်း တိရစ္ဆာန် ဘေးသတိထား။ ကျန်းမာရေး ဂရုစိုက်ပါ။


၅ ကို ထောက်မိလျှင်

ငွေကြေးအကုန်အကျ များမည်။ သားသမီးရေးနှင့် ကျန်းမာရေးအတွက်ငွေကုန်မည်။ ကြာသပတေးနံနှင့် အဝါရောင်ပစ္စည်း ထွက်ကိန်းရှိသည်။ အိမ်၊ ဆိုင်ခန်း၊မြေ၊ ယာဉ်၊ အမွေကိစ္စနှောင့်နှေး မည်။ရှုပ်ထွေးမည်။သောကရောက်မည်။ အိုးအိမ် အပြောင်း အရွှေ့ သို့မဟုတ် အလုပ်အပြောင်းအရွှေ့ ကြုံနိုင်သည်။ အချစ်ရေးတွင် မျက်နှာပွင့်မည်။ အိမ်ထောင်ရှင်များ အိမ် တွင်းရေးသော က ရှိမည်။ သား သမီးတို့၏ ကျန်းမာရေး ဂရုစိုက်ပါ။ ခရီးဝေး၊ နိုင်ငံခြားခရီး အဆင် မပြေနိုင်သေး။ ကြာသပတေးနေ့ ခရီးရှောင်။ ကျန်းမာရေး ကောင်းမည်။


၆ ကို ထောက်မိလျှင်

အင်္ဂါနံနှင့်ရွှေထွက် တတ်သည်။ ငွေ၊ ဥစ္စာ၊ စီးပွားရေး နှင့်ဆိုင်သော ဘေးရန်မှုခင်း၊ ပြဿ နာ သတိထား။ အိမ်၊ ဆိုင်ခန်း၊ မြေ၊ ယာဉ်၊ အမွေကိစ္စ အမှုဖြစ်လျှင်ရှုံးမည်။ ၄င်းကိစ္စ အရောင်းအဝယ် ပျက်တတ်သည်။ အိုးအိမ် သို့မဟုတ် အလုပ်ကိစ္စ အပြောင်း အလဲ ကြုံမည်။ အချစ်ရေး၊ အိမ်ထောင်ရေး မကောင်း။ အိမ်တွင်းရေးကိစ္စ စိတ်ဆင်းရဲရမည်။ ခရီးတို သွားလာရေးတွင် စိတ်သော က ရောက်မည်။ အခက်အခဲ ကြုံမည်။ တနင်္ဂနွေ နေ့ ခရီးဝေး ရှောင်။ ဗုဒ္ဓဟူးနေ့ ခရီးဝေးကောင်း၏။ ရောဂါ ဥပဒ် ဘေး ကင်းမည်။


၇ ကို ထောက်မိလျှင်

ငွေကြေး ဝတ်ကောင်း စားကောင်း၊ စုတ်ကောင်း လာဘ် ကောင်း ဝင်မည်။ အိမ်၊ ဆိုင်ခန်း၊ မြေ၊ ယာဉ်၊ အမွေကိစ္စ၊ ဘေးရန်၊ မှုခင်းပြဿနာ ကြုံမည်။သောကြာနေ့တွင် အလုပ်အကြံအစည်ရှောင်ပါ။ လုပ်ငန်းကိစ္စအခက်အခဲကြုံတွေ့မည်။ မအောင်မမြင်ဖြစ် မည်။ အချစ်ရေး၊ အိမ်ထောင် ရေး ကောင်းမည်။ အိမ်ထောင်ဖက် နှင့်စိတ်တို၊ စိတ်ကောက်ရတတ်သည်။ သားသမီးရေး အနှောင့်အယှက် မကင်းသော်လည်း အဆင်ပြေမည်။ ခရီးတို၊ ခရီးဝေး၊ နိုင်ငံခြားခရီး နှောင့်နှေးမည်။ ကျန်းမာရေးအခြေအနေ အတက်အကျ မြန်မည်။


၈ ကို ထောက်မိလျှင်

ဝင်ငွေအကျိုးအမြတ်ကိစ္စ၊ အနှောင့်အယှက် ကြုံပြီးမှ ရမည်။ တနင်္ဂနွေနံ ထွက်တတ်သည်။ အိမ်၊ ဆိုင်ခန်း၊ မြေ၊ ယာဉ်၊ အမွေ ကိစ္စ အခက်အခဲ ကြုံတွေ့ရမည်။ ၄င်းကိစ္စ မအောင်မြင်တတ်ချေ။ လုပ်ငန်းကိစ္စ အထမမြောက်၊ အကြံအစည် မအောင်။ အလုပ် ကိစ္စ၊ မှုခင်းပြဿနာဖြစ်လျှင်ရှုံးမည်။ အချစ်ရေးကောင်းမည်။ အိမ်ထောင်ရှင်များမသင့်မမြတ်ဖြစ်မည်။သို့မဟုတ်အိမ်ထောင်ဖက်၏ ကျန်းမာရေး ညံ့မည်။ ခရီး တို၊ ခရီးဝေး၊ နိုင်ငံခြားခရီး အဆင် မပြေ ဖြစ်မည်။ ကျန်းမာရေး စိုးရိမ် စရာမလိုချေ။


၉ ကို ထောက်မိလျှင်

ဝင်ငွေကောင်းသလောက် ထွက်ငွေလည်း များမည်။ သူခိုး၊ လူ လိမ် သတိပြု။ အိမ်၊ ဆိုင်ခန်း၊ မြေ၊ ယာဉ်၊ အမွေကိစ္စ နှောင့်နှေးပြီးမှ အဆင်ပြေမည်။ အလုပ်အကြံအစည်၊ ရာထူး၊ ဂုဏ်ထူး၊ ဘွဲ့ထူး တိုးတက်မည်။ အိမ်ထောင်ရေး ပဋိပက္ခဖြစ်တတ်သည်။ အိမ်ထောင်ရေး တွင် ဘေးရန်၊ မှုခင်း ပြဿနာ သတိထား။ ခရီးတို၊ ခရီးဝေး၊ နိုင်ငံ ခြားခရီး အကျိုးမရှိ။ အင်္ဂါနေ့ ခရီး ရှောင်။ ခိုက် ရန်၊ ဒေါသ၊ မှုခင်းကိစ္စ၊ မတော်တဆဘေး သတိပြု။ အစား အသောက် ဆင်ခြင်။ ကျန်းမာရေး အထူးဂရုစိုက်သင့်။


၁၀ ကို ထောက်မိလျှင်

ငွေကြေး အဖတ်မတင်။ ငွေ၊ ဥစ္စာ၊ စီးပွားရေးဆိုင်ရာအနှောင့်အယှက်၊ အရှုပ်အထွေး ကြုံ တတ်သည်။ အိမ်၊ ဆိုင်ခန်း၊ မြေ၊ ယာဉ်၊ အမွေကိစ္စ အဆင်ပြေမည်။ အနှောင့်အယှက်ကြားမှ လုပ်ငန်း အဆင်ပြေအောင်မြင်မည်။ အချစ်ရေး နှောင့်နှေး မည်။ အိမ်ထောင် ကွဲပျက်တတ် သည်။ သို့မဟုတ် အိမ်ထောင်ဖက် ၏ကျန်းမာရေး ညံ့မည်။ သားသမီး ရေး မကောင်း။ ခရီးတို၊ ခရီးဝေး၊ နိုင်ငံခြားခရီး မသွားသင့်။ ကျန်းမာရေး အထူးဂရုစိုက်ပါ။


၁၁ ကို ထောက်မိလျှင်

ငွေကြေး၊ ဥစ္စာ၊ စီးပွား ရေး အခြေအနေ မကောင်း။ သေ ချာပေါက် ရစရာရှိသော်လည်း လွဲ ချော်မည်။ အိမ်၊ မြေ၊ ဆိုင်ခန်း၊ ယာဉ်၊ အမွေကိစ္စ အပူသောကတွေ့မည်။ အလုပ်၊ ရာထူး၊ ဂုဏ်ထူး၊ ဘွဲ့ထူး အဆင့်အတန်း တိုးတက်မည်။ အချစ်ရေး၊ အိမ်ထောင်ရေးကောင်းမည်။ သို့သော်ကြား လူနှောင့်ယှက်မှုကို သတိထား။ သားသမီးရေး မကောင်း။ ခရီးဝေး၊ နိုင်ငံခြားခရီး အဆင်ပြေမည်။ အင်္ဂါနေ့ခရီး မသွားသင့်။ ကျန်းမာ ရေး ကောင်းမည်။


၁၂ ကို ထောက်မိလျှင်

ဝင်ငွေအကျိုးအမြတ် အသင့်အတင့် ရမည်။ ကျောက်မျက်ရတနာနှင့် သောကြာနံ ထွက် မည်။ အိမ်၊ ဆိုင်ခန်း၊ မြေ၊ ယာဉ်၊ အမွေကိစ္စ အပြောင်းအလဲမြန်မည်။ အရောင်းအဝယ် မလုပ် သင့်။ အလုပ်အကြံအစည် အထူး ကောင်းမွန် တိုးတက်မည်။ အချစ်ရေးနှောင့်နှေးမည်။ ရှုပ်ထွေးမည်။သောက ရောက်မည်။ အိမ်ထောင်ရေး အဆင်ပြေမည်။ သားသမီးရေးသောကရောက် မည်။ အင်္ဂါနေ့ခရီး ယာယီရှောင်။ ခရီးဝေးသွားလျှင် ဘေးရန် ကြုံတတ်သည်။ ကျန်းမာရေး ဂရုစိုက်သင့်။

မောင်မောင်မြင့်သန်းမောင်