ဗေဒင်ဝါသနာအိုး မှ ( ၇ ) ရက်သားသမီးများအတွက် ( ၂၄-၁ဝ-၂ဝ၁၃ မှ ၃ဝ-၁ဝ-၂ဝ၁၃ ) ဟောစတမ်း


တနင်္ဂနွေ
ရန်အတိုက်အခံများမည်။ မည်သည့်ကိစ္စ ဆောင်ရွက်သည်ဖြစ်စေ တော်ရုံ တန်ရုံနှင့် အဆင်မပြေ။ အထူးဆောင်ရွက် ပါမှ သင့်ရုံသာ ဖြစ်မည်။ လုပ်ရင်း ကိုင်ရင်း ကိုယ်လုပ်သည့် လုပ်ငန်းများ ရပ်တန့်နေတတ်သည်။ စိတ်လေလွင့်နေ မည်။ ကျန်းမာရေး ဂရုစိုက်ရမည်။ အရာရာ သတိရှိရမည်။ ငွေကုန်ကြေးကျ များမည်။ ကိုယ့်ကို အသုံးချသူ များနှင့် တွေ့ တတ်သည်။ မနာလိုသူများနှင့် တွေ့မည်။
ယတြာ ။ ။ မွေးနေ့တွင် ကံ့ကော် နှစ်ညွန့် ဘုရားလှူပါ။


~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~*******~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~
တနင်္လာ
မိသားစုတွင် ခြံ၊ မြေနေရာထိုင်ခင်းကိစ္စ စကားပြောဆိုမှုများ အောင်မည်။ ရည်မှန်းထားသည်များ စနစ်တကျ လုပ်ကိုင်အောင်မြင်မည်။ အလုပ်ကိစ္စ၊ ငွေကြေး ကိစ္စများ အဆင်ပြေမည်။ မိမိဆောင်ရွက်သည့်ကိစ္စမှန်သမျှ ထိထိရောက်ရောက် အဆင်ပြေမည်။ အခက်အခဲ မည်မျှရှိစေ အားလုံးကို ကျော်လွှား၍ စနစ်တကျ ဖန်တီးဆောင် ရွက်နိုင်မည်။ သူတစ်ပါးနှင့် မတူသော ရှုထောင့်မှ တွေးခေါ်၍ အလုပ် စီးပွားများ ဆောင်ရွက် အဆင်ပြေ မည်။ မေတ္တာရေး ကံကောင်းမည်။
ယတြာ ။ ။ မွေးနေ့တွင် ဇီးညွန့်သုံးညွန့် ဘုရားလှူပါ။


~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~*******~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~
အင်္ဂါ
ပြဿနာများ ဖြေရှင်းအောင်မြင်နိုင်သည်။ အခက်အခဲများ ကျော်လွှားနိုင် မည်။ သူတစ်ပါးထက် သာအောင် ဆောင် ရွက်နိုင်စွမ်း မြင့်မားမည်။ ရုတ်တရက် ပေါ်လာသော အခွင့်အရေးကို အသုံးချ၍ ခရီးဝေးသွားခြင်း ကြုံမည်။ စတင်ဆောင် ရွက်သော ကိစ္စမှန်သမျှ အောင်မြင်မည်။ ဥစ္စာဓန တိုးပွားဖြစ်ထွန်းမည်။ လုပ်ငန်း မရှိသူ လုပ်ငန်းရမည်။ ခါတိုင်း ထက်ပို၍ ငွေကြေးကိစ္စတွင် ကံကောင်းမည်။ ခြံမြေ နေရာထိုင်ခင်းအတွက် ပြောဆိုမှုများ ကြုံတတ်သည်။
ယတြာ ။ ။ မွေးနေ့တွင် ရွက်လှလေးညွန့် ဘုရားကပ်လှူပါ။


~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~*******~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~
ဗုဒ္ဓဟူး
အညံ့ကင်း၍ ကောင်းခြင်းဘက်သို့ တစ်စစ ဦးတည်မည်။ အရေးပါသော ဆုံးဖြတ်ချက်များ ချမှတ်ရမည်။ ငွေကြေး ကံကောင်းမည်။ အလုပ်အကြံအစည် အောင်မြင်မည်။ အရာရာ တစ်ကြိမ်မကလုပ်ပြီးမှ အဆင်ပြေမည်။ စိတ်ချမ်းသာ မည်။ အချစ်ရေး ကံကောင်းမည်။ ပညာအတတ်ကို အခြေတည်၍ တိုးတက်မှုများ ရရှိမည်။ ဆိုးမယောင်နှင့် ကောင်း တတ်သည်။ သူတစ်ပါးမှ မဖြစ်နိုင်ဟုဆိုသည့် ကိစ္စများကို မိမိမှ အထင်အရှား အောင်မြင်အောင် လုပ်ဆောင်နိုင်မည်။
ယတြာ ။ ။ မွေးနေ့တွင် မေမြို့ပန်း ငါးပွင့်ဘုရားကပ် လှူပါ။


~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~*******~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~
ရာဟု
စိတ်ချမ်းသာမည်။ အလုပ်အကြံအစည် အောင်မြင်မည်။ မိသားစုတွင် အိုးအိမ် နေရာထိုင်ခင်းကိစ္စ အဆင်ပြေမည်။ မိသားစုအကြီးအကဲများ၏ အလုပ်စီးပွားတို့တွင် တိုးတက်မှုများ အဆင်ပြေမှုများ ရှိမည်။ အိမ်တွင် ပညာရှာသူရှိက ပညာရေး အထူးကောင်းသည်။ မိသားစုကိစ္စများ၊ အိမ်တွင်းရေးကိစ္စများတွင် လုပ်ငန်းသစ်များ လုပ်ကိုင်ခြင်း၊ ငွေကြေး ကိစ္စများ ကံကောင်းခြင်းများ ရှိမည်။
ယတြာ ။ ။ မွေးနေ့ညနေပိုင်းတွင် ဖရဲသီးစိတ် ဒါနပြုပါ။


~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~*******~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~
ကြာသပတေး
အလှူမင်္ဂလာကိစ္စ၊ ဘာသာရေးကိစ္စများ ဆောင်ရွက်ရမည်။ မိတ်ဆွေ အကြီး အကဲများထံမှ အကူ အညီကောင်း ရမည်။ အံ့သြဖွယ်ရာ ကောင်းကျိုးများ အဆင်ပြေ မှုများ အဆင့်ဆင့်ကြုံမည်။ သြဇာအာဏာကောင်းသော နေရာ သို့ ရောက်ရှိမည်။ အဆင့်တိုးတက်မည်။ ခြံမြေနေရာထိုင်ခင်းကိစ္စ၊ အိုးအိမ်ကိစ္စများအတွက် စကား ပြောဆို ရန် ကောင်းသည်။ ပညာရှာသူများအဖို့ တစ်ပိုင်းတစ်စ ပြတ်တောက်နေ သည်များကို စနစ်တကျ ချိတ်ဆက်နိုင်သော အနေအထားသို့ ရောက်ရှိမည်။ မေတ္တာရေး ကံကောင်းမည်။
ယတြာ ။ ။ မွေးနေ့တွင် သီဟိုဠ်ခြောက်ညွန့် ဘုရားကပ်လှူပါ။


~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~*******~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~
သောကြာ
ရန်မကြာခဏ ဖြစ်ရမည်။ ခက်ခဲသောပြဿနာများ တစ်မျိုးပြီးတစ်မျိုး ဖြေ ရှင်းရမည်။ မိသားစုတွင် အိုးအိမ်နေရာ ထိုင်းခင်းကိစ္စအတွက် ပြောဆိုရမည်။ ထွက် ပေါက်ရှာပြီး ငွေကြေးတတိတိနှင့် ကုန်ကျတတ်သည်။ စိတ်မြန်ခြင်း ခေါင်းမာခြင်း လျှော့ပါ။ စာရွက်စာတမ်း လက်ပြောင်း လက်လွှဲ၊ ငွေကြေးအပေးအယူများတွင် အထူး သတိရှိရမည်။ စိတ်ပင်ပန်း၊ လူပင်ပန်း ဖြစ်တတ်သည်။ ငွေကြေးအကုန်အကျ အလွန် များမည်။
ယတြာ ။ ။ မွေးနေ့တွင် နှင်းဆီ ခုနစ်ပွင့် ဘုရားလှူပါ။


~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~*******~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~
စနေ
အခက်အခဲများ ဖြေရှင်းနိုင်မည်။ အလုပ်ရှာသူများအတွက် အလွန်ကောင်းသည်။ ဆောင်ရွက်လုပ်ကိုင်သည့် ကိစ္စ များ အောင်မြင်မည်။ ရန်အနှောင့်အယှက်များ ကျော်လွှားနိုင်မည်။ ငွေကြေးမြှုပ်နှံခြင်း အရောင်းအဝယ် ပြုခြင်းများ အဆင်ပြေမည်။ ခရီးနှင့်ပတ်သက်သည့်ကိစ္စများ ကြုံမည်။ လူမျိုးကွဲ၊ လူမျိုးခြားများနှင့် ပေါင်းသင်း၍ အကျိုးရှိသည်။ သူတစ်ပါးအပေါ် အလွယ်တကူ မယုံကြည်သင့်။ ပျိုရွယ်သူများအဖို့ မေတ္တာရေးကောင်းမည်။
ယတြာ ။ ။ မွေးနေ့တွင် အုန်းသီးတစ်စိတ် ဘုရားဆွမ်းတော်တင်ပါ။